"သဲ ကို့ကိုညာနေတာမဟုတ်လား၊သဲမှာအိမ်ထောင်ရှိတာမှန်ရင် သဲအဖေကကိုနဲ့သဲကိုဘာလို့ ခွင့်ပြုထားခဲ့သေးလဲ"
သူမထင်သည့်အတိုင်း အစ်ကိုမင်းသူမှမယုံကြည်နိုင်ဖြစ်နေသည်။
"တစ်ကယ်ပါကိုမင်း၊သဲမှာ တစ်ကယ်အိမ်ထောင်ရှိပါတယ် သဲကလက်ထပ်ပြီးသားသူတစ်ယောက်ပါ သဲလက်ထပ်ထားတဲ့သူကယောက်ျားလေးတော့မဟုတ်ဘူး မိန်းကလေးတစ်ယောက်ပါ အဲ့ဒီသူကို ကိုမင်းသိပါတယ် အဲ့ဒါမိုးညှင်းကရှမ်းပွဲမှာဆုံခဲ့တဲ့အစ်မလေ အဲ့ဒီအစ်မကသဲနဲ့လက်ထပ်ထားတဲ့သူပါ"
မင်းသူ ပါးစပ်အဟောင်းသားဖြစ်ကာ အံ့ဩပြီးရင်းအံ့ဩနေမိသည်။သူ့ချစ်သူကမိန်းမတစ်ယောက်နဲ့လက်ထပ်ထားပြီးသားဆိုပါလား။
"သဲ အဲ့ဒါအမှန်ပဲလား"
"အမှန်ပါကိုမင်း"
"ကျစ်"
မင်းသူ ဘာဆက်လုပ်ရမှန်းမသိဖြစ်သွားသည်။သဲကိုဆက်ပြီးဆွဲထားရမှာလား လွှတ်ပေးလိုက်ရမှာလား။
"ကိုမင်း သဲတစ်ကယ်တောင်းပန်ပါတယ်"
"ရ..ရတယ် မလိုဘူး၊ကိုယ်...ကိုယ်ပြန်လိုက်ဦးမယ်"
ကိုမင်း တစ်ယောက်ဒီတစ်ကြိမ်တော့အိမ်မှာကြာကြာမနေပဲချက်ချင်းပြန်ပြေးသွားလေသည်။သဲ သက်ပြင်းချလိုက်မိသည်။
"သမီး"
ဖေဖေ‌ပါလား။
"သမီး အတိတ်ကိုတစ်ကယ်ပြန်သတိရလာတာလား၊ဒါမှမဟုတ် မနေ့ကဟိုကလေးမကသမီးကို တစ်ခုခုပြောလိုက်လို့လား"
သဲအတိတ်ပြန်သတိရလာတာ ဟုတ်မဟုတ်သေချာအောင်ဖေဖေကသွေးတိုးစမ်းလေသည်။
"ဖေဖေ သဲကိုမဘာမှမပြောလိုက်ပါဘူး၊သဲဘာသာအတိတ်ပြန်သတိရလာတာပါ ဖေဖေသဲကိုဘာလို့မနဲ့လက်ထပ်ထားတဲ့အကြောင်းကို မပြောခဲ့ရတာလဲ "
"ဖေဖေကသမီးတို့မိန်းကလေးချင်းတည်ဆောက်ထားတဲ့အိမ်ထောင်ရေးထက် မောင်မင်းသူနဲ့ကမှပိုပြီးမြဲမယ်ထင်ခဲ့လို့ပါ"
"ဖေဖေ့အမှားပါ"
"ပြီးခဲ့တာတွေရှိပါစေတော့ဖေဖေ ၊ဒါပေမယ့်သဲအခုချိန်ကစပြီးမနဲ့ပြန်ပေါင်းဖို့ကြိုးစားမယ် သဲဘဝမှာသဲအချစ်ဆုံး သဲအလိုချင်ဆုံး သဲအပိုင်ဆိုင်ချင်ခဲ့ဆုံးက မတစ်ယောက်ထဲပဲရှိခဲ့တာ သဲမနဲ့ပြန်နေမယ် ဖေဖေလဲနောက်အိမ်ထောင်ပြုချင်နေတာမဟုတ်လား သဲဖေဖေ့ကိုမတားပါဘူး အဲ့ဒီအမျိုးသမီးနဲ့ပက်သတ်ပြီးသဲသေချာစုံစမ်းပြီးပြီမို့ဖေဖေ့သဘောအတိုင်း ဆန္ဒရှိရာလုပ်နိုင်တယ် "
အချစ်ဖြင့်တည်သောကမ္ဘာငယ်လေး  အချစ်ဖြင့်တည်သောကမ္ဘာငယ်လေးNơi câu chuyện tồn tại. Hãy khám phá bây giờ