နှင်းဆီနီဝဲဂယက်(Unicode)

395 22 14
                                    


"ဘာတွေလုပ်နေတာလဲ နီနီ
သည်ပန်းတွေကို နီနီသိပ်သဘောကျတာမလား"

ကတ်ကြေးတစ်လ​က်နှင့် ကြွေပန်းအိုးအဖြူထဲကနှင်းဆီနီတွေကို ဖျက်ဆီပစ်နေသော ရှေ့ရှိအမျိုးသမီးငယ်ကို ဒေါ်မြယဥ်မေးလိုက်သည်။

"အိုး...ဘယ်ကလာကြီးကြီးမြရယ်
နီနီက ဘယ်တုန်းကမှ နှင်းဆီနီတွေကို သဘောမကျခဲ့ဖူးပါဘူး
နှင်းဆီနီတွေကို သဘောကျတဲ့တစ်စုံတစ်ယောက်ကို ထပ်ဆင့်သဘောကျရုံပါ"

ရင်ဖုံးလက်ရှည်အနီနှင့်ဇင်းမယ်ချိတ်ထမီအနီကို သေသပ်စွာဝတ်ဆင်ထားတဲ့အမျိုးသမီးငယ်က အေးဆေးတည်ငြိမ်စွာဖြေသည်။ ဤအမျိုးသမီးငယ်ကား သူဌေးကြီးဦးသီဟ၏ တစ်ဦးတည်းသောသမီးငယ် ပန်းနီနီ။

"ကြီးကြီးမြဖြင့် နီနီ့ကို နားကိုမလည်တော့ဘူး"

"နီနီလည်း ကိုယ့်ကိုယ်ကိုယ် နားမလည်နိုင်ပါဘူး အဲ့တော့ ကြီးကြီးမြလည်း နီနီ့ကို နားလည်ဖို့ကြိုးစားမနေစမ်းပါနဲ့"

တည်ငြိမ်အေးဆေးပေမယ့် နွေးထွေးမနေတဲ့လေသံက အိမ်တော်ထိန်းဒေါ်မြယဥ်အဖို့ စိမ်းသက်ခြင်းအလျဥ်းမရှိတော့။ သက်ပြင်းမောတစ်ချက်ကို ခပ်လေးလေးချရင်း ကျောခိုင်းကာထိုင်နေတဲ့ အနှီအမျိုးသမီးငယ်ကိုကြည့်လိုက်သည်။

"မမနွယ်ရောက်နေတယ် နီနီ
အဲ့တာ နီနီ့ကို ကြီးကြီးမြလာပြောပြတာ"

"မမနွယ်တဲ့လား
နေစမ်းပါဦး...သူတစ်ယောက်တည်းမှဟုတ်ရဲ့လား"

မျက်နှာချင်းဆိုင်အနေအထားဖြစ်နေတဲ့ အနီရောင်ပုံရိပ်ကို ဒေါ်မြနွယ်ခပ်တွေတွေကြည့်မိပြန်သည်။ ခန်းစည်းလိုက်ကာအဖြူတွေက တလွင့်လွင့်..။

"မဟုတ်ဘူး နီနီ
သူ့ခင်ပွန်းလောင်းမောင်ဥက္ကာလည်းပါလာလေရဲ့"

"အဟက်..မဂ်လာဖိတ်စာလာပို့တာမှ ဟုတ်ပါလေစ"

ခပ်မဲ့မဲ့ပြုံးကာ နာကျည်းဟန်ရယ်မောနေသူကို အဖြေမပေးတော့ဘဲ ခေါင်းကိုသာအသာညိမ့်ပြလိုက်သည်။

"နီနီလိုက်ခဲ့မယ် သွားကြစို့လားလေ"

ထွက်ခွာသွားတဲ့ခြေလှမ်းတွေက အခန်းတံခါးဝမှာတုံ့ခနဲရပ်သွားသည်။

နှင်းဆီနီဝဲဂယက် (နှင်းဆီနီဝဲဂယက်)حيث تعيش القصص. اكتشف الآن