Part 18(unicode)

Start bij het begin
                                    

"အသက်ဘယ်လောက်ရှိပြီလဲ"

" ၁၄နှစ်ပါ"

"ဘယ်လိုလုပ်ပြီး.."

ခေါင်းရင်းဆိုင်ကာ ထိုကောင်လေးနှင့်စကားတီးတိုးပြောနေသည်ကိုဘယ်သူမှရိပ်မိပုံမရ။

" အမေ့ရောဂါအခြေအနေကြောင့် ဆေးရုံတင်ဖို့ငွေမရှိတာနဲ့
လူတစ်ယောက်က အလုပ်ပေးမယ်ဆိုပြီးခေါ်လာတာ ဒါ. ဒါပေမယ့် သူတို့ ကျွန်တော့်ကို .."

ပါလာသည့် လူတွေအားလုံးကိုကြည့်လိုက်တော့‌ယောကျ်ားလေးတွေချည်းပင်။
အကုန်လုံးက သူ့လိုမျိုး မရားခံခဲ့ရသည့်လူတွေချည်းဖြစ်မည်။

"ကျွန်တော်တို့ ဒီလိုပဲ ဘာမှန်းမသိ သူတို့အနိုင်ကျင့်သမျှခံနေရတော့မှာလား ကိုကို"

ကောင်လေးဆီက ကိုကိုဟု ခေါ်သံကြားတော့ ညီမလေးကိုသတိသွားသည်။

သူ့ခေါင်းကို ပုတ်ပေးပြီး
နှစ်သိမ့်ပေးလိုက်သည်။

တောထဲမှ သွားနေရင်း တဲစုတ်ကလေးတစ်ခုတွေ့သည်။
ထိုထဲတွင် ဝါးဖြင့်ပြုလုပ်ထားငည့် ထောင်ပုံစံတစ်ခုရှိသည်။
သူတို့အားလုံးကို ထိုအထဲတွင် ထည့်ကု သော့ခတ်ထား၏။

ညမိုးချုပ်သည့်တိုင် ဘာမှလာမကျွေး တချို့က အူလိမ်နေကြပြီ။
ဆာလောင်မှုက သည်းခံနိုင်စွမ်းမဲ့နေကြပြီ။

ထိုစဥ်
လူတစ်စုရောက်လာကာ
ကြွပ်ကြွပ်အိပ်ဖြင့်ထုတ်ထားသော ထမင်းနှင့် ခရမ်းသီးရေလုံပြုတ်များ လာဝေသည်။
စားမကောင်းပေမယ့်
အဆာလွန်နေသည်မို့ သူတို့အငမ်းမရစားရကြသည်။

"မစားဘူးလား"

ဝေနေသည့်လူတွေထဲကမှ အသက်၂၅ခန့်လောက်ရှိသည့် လူတစ်ယောက်ကို မေးလာသည်။
ထမင်းထုတ်ကိုကြည့်ပြီး
အသက်ပျင်းချကာ ဘေးက ကောင်လေးဆီ ပေးလိုက်တော့ ဆွဲယူကာ ပြောင်နေအောင်စားပစ်လိုက်သည်။

"မင်းအသက်ရှင်ဖို့စားဖို့လိုတယ်"

မျက်နှာသေနှင့် ပြောကာထွက်သွားသူကိုကြည့်ရင်း
ဖြားလူတွေနှင့်ယှဥ်လျှင် ကြင်နာတက်သောသူဖြစ်ဟန်တူသည်။

၁၄နှစ်ဟုဆိုသောကောင်လေးကို ထမင်းထုတ်ပေးလိုက်တော့ မယုံသလိုတစ်ခါကြည့်ပြီး ခေါင်းမဖော်စတမ်းကုန်အောင်စားပစ်လိုက်သည်။

A letter to A boy who is not a boy(Completed)Waar verhalen tot leven komen. Ontdek het nu