Chapter - 4 (Part 2)

Start from the beginning
                                    

ငါ သူ့ကို ဂရုမစိုက်ချင်တော့ဘဲ တိတ်တိတ်လေး တွန်းထုတ်ပြီး ထွက်သွားလိုက်တယ်။

ကျောင်းကုန်းဇီက ရှက်ရွံ့စိတ်နဲ့ ဒေါသတကြီး ပြေးလာပြီး ငါ့ကို ဖမ်းဆွဲထားကာ ထွက်သွားခွင့်မ​ပေးဘူး, "မင်း သူ့ကို ဒါလေးပဲ ပြောပြရမှာ​လေ, ဒီအသေးအမွှားလေးကိုတောင် မကူညီနိုင်ဘူးဆိုရင်​ မင်းက လူ​တောင် ဟုတ်ရဲ့လား?"

ငါ သူ့ကို လျစ်လျူရှုလိုက်တယ်။

​ကျောင်းကုန်းဇီက ဆုံးဖြတ်ချက်ချထားသလိုပဲ, "ငါ့မှာ စာအိတ်နီတွေ ရှိသေးတယ်, မင်း ဘယ်နှစ်ခုထပ်လိုချင်လဲ?"

"ကျွန်​တော့်ကို အကုန်လုံး​ပေး"

သူ ငါ့ကို ဆယ့်ငါးမိနစ်​လောက် ကျိန်ဆဲ​နေပြီး​တဲ့နောက် သူ့မှာရှိတဲ့ အနီ​ရောင်စာအိတ်​တွေအားလုံးကို ငါ့ကို ​ပေးတယ်။

သူ ဘာလို့ ဒီလိုလုပ်​နေမှန်း ငါ လုံးဝမသိ​တော့ဘူး။

ငါ ​အစ်ကိုကျောင်းအာ​ကို သွားရှာလိုက်တယ်။ ပြီး​တော့ သူ့ကို ကျောင်းကုန်းဇီရဲ့စာအိတ်နီ​တွေ ​ပေးလိုက်တယ်။ ငါက ​ပြောလိုက်တယ်, "သခင်​လေးက အစ်ကို့ရဲ့စက္ကူဖိတဲ့အတုံး​​လေးကို မ​တော်တဆခွဲမိသွားပြီး အစ်ကို့ကို လာမ​ပြောရဲဘူး, အဲ့ဒါ​ကြောင့် သူ အစ်ကို့ကို ဘယ်​လောက်ပြန်​ပေးရမလဲဆိုတာ ​ကျွန်​တော့်ကို မေးခိုင်းလိုက်တာ"

နံရံထောင့်ကွယ်မှာ ပုန်းနေတဲ့ ​ကျောင်းကုန်းဇီက ရုတ်တရတ် ခုန်ထွက်လာပြီး ငါ့ကို စူးစူးဝါးဝါး​အော်ဟစ်တယ်, "မင်းက အရူးလား? ​လောင်ဇီက သူ့ကိုပြန်မ​ပေးနိုင်လို့ မင်းကို သွားခိုင်းလိုက်တာ​လေ! ရှေးဟောင်းပစ္စည်းက ဘာလဲဆိုတာ​ကော သိရဲ့လား, ငတုံးရ?"

​အစ်ကို​ကျောင်းအာက ငါ့ကို ပြုံးပြီးပြောတယ်, "ရိရှင်, မင်းက မီးဖိုချောင်ကိုသွားပြီး ကူညီလိုက်, ငါ ​ရှောင်း​လောင်နဲ့ ဆွေးနွေးစရာတွေရှိလို့"

ငါက ​ကျောင်းမိသားစုကမွေးစားထားတဲ့ မိဘမဲ့ကလေးတစ်ယောက်ပဲ။ ငါ သူတို့ပြောသမျှကို လုပ်ရမယ်။ ဒါကြောင့် ငါ ​ကျောင်းကုန်းဇီကို အရမ်းစိတ်ပူနေရင်တောင်မှ မီးဖိုချောင်ကိုသွားပြီး ကူညီဖို့ကလွဲရင် အခြားရွေးချယ်စရာမရှိဘူး။

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now