"ဟုတ်​ကဲ့​မေ​မေကြီး...သမီးလိုက်​သွားမယ်​..​မေ​မေ့ကို​ပြောလိုက်​မယ်​​နော်​..."

"အင်း..ငါ့သမီး​လေးလိမ္မာလာပါလား..
အရင်​ကဆို​မေ​မေကြီးတို့​ပြောတာကို
နားမ​ထောင်​ဘူး..အခုတ​လောစကားလည်း
နား​ထောင်​လာတယ်​..အပြင်​လည်း..သိပ်​မထွက်​​တော့ဘူး
မေ​မေကြီးတို့စိတ်​ချမ်းသာရပါတယ်​..အမြဲ..အဲ့လို​နေပါလား
သမီး​လေးရယ်​.."

"သမီး ကြိုးစားပါမယ်​.."
ဟု​ပြောရင်း ​မေ​မေကြီးကိုပန်​ဆုငယ်​ချစ်​မြတ်​နိုးစွာဖက်​လိုက်
လေသည်​။ဖေ​ဖေနှင့်​သာကြီးပြင်းလာ​သော
သူမ..ပန်​ဆုငယ်​ သည်​မိခင်​​မေတ္တာငတ်​မွတ်​ခဲ့သည်​။မရခဲ့​သော
မိခင်​​မေတ္တာကို..သူမထို​မေ​မေတို့နှင့်​မှသာခံစားတတ်​ခဲ့သည်
ယခုမိခင်​​မေတ္တာရရှိ​သောအချိန်​တွင်​သူမ..ထို​မေ​မေကြီးတို့ကို
စောင့်​​ရှောက်​ ကာစိတ်​ချမ်းသာ​အောင်​ထားမည်​ဟု
ဆုံးဖြတ်​ချက်​ ချလိုက်​​လော​တော့သည်​။

နောက်​တ​နေ့​နေ့ခင်း​ပိုင်းတွင
တေဇ​အောင်​မိဘများလာလည်​မည်​ဆို​သော​​​ကြောင့်
မီးဖိုခန်းထဲတွင်​အလုပ်​ရှုပ်​​နေကြသည်
ပန်​ဆုငယ်​လည်း​ဒေါ်​ဌေးကိုကူညီလုပ်​ကို​င်​​ပေး​လေသည်
အကူရှိ​သော်လည်သူမ..မ​နေတတ်​​သော​ကြောင့်
ဖြစ်​သည်​..​ဒေါ်​ဌေးက​တော့အံ့သြ​နေသည်
မမ​လေး မီးဖိုခန်းထဲဝင်​ကာကူညီချက်​ပြုတ်​​သော​ကြောင့်
ဒေစီစိုးကဘယ်​​တော့မှထမင်းဟင်းမချက်
ချက်​လည်းမချက်​တတ်​..၀င်​လည်းမ၀င်​​ပေ။

."မမ​လေး..ဟင်းအမယ်​​တွေကပြည့်​သွားပြီ..
ဘာထပ်​ထည့်​ရမလဲမသိဘူး.."

ပန်​ဆုငယ်​ကြည့်​လိုက်​​တော့......
ကြက်​သားဆီပြန်​..ငါး​ခေါင်းဟင်းရည်​..ဘာလ​ချောင်​​ကြော်
ပုစွန်​ထုပ်​သံပုရာ​ပေါင်း​..၀က်​သားချိုချဉ်​​ကြော်
ဟင်းနုနွယ်​နဲ့ကန်​စွန်းရွက်​ကိုငရုပ်​သီး​လေးခြမ်​ကွဲနဲ့​ကြော်​..
အမဲနှပ်​..ဟင်း​တွေက​တော့စုံ​နေပြီ..​နေအုံးလို​နေ​သေးသလိုဘဲ..
သိပြီ..အစပ်​​လေ..

"​ဒေါ်​ဒေါ်​ဌေး..ငရုတ်​သီး​ပါရင်​ကောင်းမှာ.."
"
"ဟုတ်​သား..ငရုတ်​သီးမပါ​သေးဘူး..မမ​လေး​ပြောမှ
သတိရတယ်​..မြန်​မြန်​ လုပ်​မှ"

"​ဒေါ်​ဒေါ်​ဌေးသွားပါ..သမီး​ထောင်းလိုက်​မယိ..ပြင်​ဆင်​စရာရှိတာသွားပြင်​​ချေ..​တေဇတို့လာ​တော့မှာ..::"

"ဖြစ်​ပါ့မလားမမ​လေးရယ်​..မမ​လေးမှမလုပ်​ဖူးတာ
လုပ်​တတ်​ပါ့မလား..ခိုက်​မိ​နေပါမယ်​..​ဒေါ်​ဒေါ်​ဌေးဘဲလုပ်
လိုက်​ပါ့မယ်​."

"ဖြစ်​ပါတယ်​..သမီးဟိုမှာလည်​ရင်းသင်​ခဲ့တယ်​..သွား​နော်​..မသွားရင်​အလုပ်​ထုတ်​ပစ်​မှာ.."

"အင်းပါ..သွားပါ့မယ်​..အလုပ်​​တော့မထုတ်​ပါနဲ့"

ဒေစီစိုး စိတ်​အခန့်​မသင့်​လျှင်​အလုပ်​ထုတ်​ပစ်​တတ်​​သော​ကြောင့်
ဒေါ်​ဌေး​ကြောက်​​နေခြင်းဖြစ်​သည်​..
မမ​လေးအလုပ်​ထုတ်​​သော​ကြောင့်​အလုပ်​သမားများ
ဤအိမ်​မှာမမြဲ...

ပန်​ဆုငယ်​ကို​ဒေစီစိုးကထို​အ​ကြောင်းများ​ပြောပြခဲ့​၍သူမယခုလို
ပြုလုပ်​ခြင်းဖြစ်​သည်​..​​ဒေစီစီုးအိမ်မှ​အလုပ်​သမားများသည်
အလုပ်​ထုတ်​ပစ်​မည်​ကို​ကြောက်​ကြသည်

မီးဖိုခန်းထဲတွင်​ငြုပ်​သီး​ထောင်း​နေ​သောပန်​ဆုငယ်​..
သူမကိုကြည့်​​နေ​သော​တေဇ​အောင်​ကိုသတိမထားမိ​ပေ
ပုစွန်​​ခြောက်​ကို​ရေစိမ်​ကာ..ငြုပ်​သီးစိမ်းနှင့်​​ထောင်း​နေတုဲ့
ပန်​ဆုငယ်​ကို..တစိုက်​မတ်​မတ်​ ကြည့်​​နေသူ​သော​တေဇ​အောင်
ဂျင်းပန်​အနက်​​ဘောင်းဘီရှည်​နှင့်​..လည်​​စေ့အကွက်​လက်​ရှည်​ကိုကြယ်​သီး၂လုံးဖြုတ်​ကာဝတ်​ဆင်​ထားသည်
မျက်​ခုံး​နက်​နက်​၂ခုကထိလုမတတ်​နီးကပ်​​နေသည်
ပိရိ​ကာပန်း​ရောင်​လွှမ်း​နေ​သောနှုတ်​ခမ်းအစူံ​တောင်​တန်းကဲ့သို့
ဖြောင့်​တန်း ​နေ​သောနှာတံ..သွယ်​မလိုနဲ့​လေး​ထောင့်​ကျ​နေ​သောမျက်​နှာကိုဖြူ​ဖွေး​သော..အသားအရည်​ကဖြည့်​စွတ်​​ပေးထားသည်​မှာအလွန်​ခန့်​ငြား​ချော​မော​စေသည်​..အ​နောက်​သို့လှန်​တင်​ထား​သောဆံပင်​ကတည်​ကြည်​​စေသည်
.......

စာ​ရေးသူ-ကိုယ်​နည်း၂ဘဲတင်​မယ်​​နော်

စာဖတ်​သူများ ​ကျေဇူးပါ​နော်

The Most i Need U In My Life(completed)Where stories live. Discover now