🍁Daffodils_Extra.3

Começar do início
                                    

ခဏနေတော့ မိုးပင်လယ်ဆီက ဖုန်းပြန်ဝင်လာတယ်...

"နွေဦးပုံရော!"

"မရှိဘူး ကျွန်တော့်ပုံ"

"ရှိပါတယ်...ကလေးတွေသနပ်ခါးလိမ်းတိုင်း နွေဦးပါလိမ်းနေကျကို ပို့ပေး ကိုယ်လွမ်းလို့"

"အာ တကယ်မရှိဘူး..သားအဖသုံးယောက်ပုံပဲရှိတယ်"

"ရတယ်...နွေဦးပါရင်ပြီးရော ဆံပင်တစ်မျှင်ဖြစ်ဖြစ် လက်သည်းခွံဖြစ်ဖြစ်"

"တော်!ပိုလိုက်တာ!"

နွေဦး ဖုန်းတစ်ဖက်ကနေပြန်ဖြေနေရင်း တောင်ရှက်သွေးဖြာနေရတယ်။မိုးပင်လယ်က သူ့အပေါ်ကိုအဲ့လောက်ထိသက်ရောက်မှုရှိစေတယ်။မိုးပင်လယ် အဲ့လိုရိတိတိလေးတွေပြောတိုင်း သူ့ကိုယ်သူမရှက်ဖို့မထိန်းချုပ်နိုင်ဘူး။

"လုပ်ပါ ပို့ပေး!နော်..နော်"

"အွန်း...ဖုန်းချပြီးပို့ပေးလိုက်မယ်"

"နွေဦး နေ့လည်စာစားပြီးပြီလား"

"ခုမှ၁၁ခွဲပဲရှိသေးတာ!"

"သားနဲ့သမီးက စောစောစားတတ်တယ်နော်.."

"ကျွန်တော်သိတယ်!"

"အိုခေ အိုခေ!ကိုယ်ကတော့ခဏနေစားမယ်..မေးလာမလားစောင့်နေတာ မမေးလဲဖြေလိုက်ပြီ!အရမ်းဖြေချင်နေလို့"

နွေဦး ရယ်လိုက်ရင်း...
"မေးမလို့ပါပဲ..."

"အင်းပါ ဟုတ်ပါပြီ..အဲ့ဒါဆိုဖုန်းချလိုက်ပြီ အချစ်လေး..ချစ်တယ်"

"အင်း ကျွန်တော်ရော.."

"ဘာဖြစ်လဲ.."

"ဘာကို?"

"ကျွန်တော်ရော ဘာဖြစ်လဲလို့"

"အာ...ကျွန်တော်လဲ... ချစ်တယ်လို့"

"အင်း အဲ့ဒါလေးပြောဖို့အရေးကို ကိုယ့်နွေဦးကတော့"

"ဖုန်းချပြီ"

"အမ်!ဟဲလို ဟဲလို..အဟွန်း တကယ်ချသွားတာဟ"

မိုးပင်လယ်ဖုန်းကို နားကနေခွာပြီး စခရင်အမည်းရောင်ကိုကြည့်ပြီးပြုံးမိတယ်။နွေဦးက တကယ်ကိုခန့်မှန်းလို့မရဘူး...
တစ်ခါတစ်လေ ယောကျ်ားတွေပီသနေတတ်ပြီး တစ်ခါတစ်လေမှာ ဘာမဟုတ်တာလေးနဲ့ ရှက်ချင်ရှက်နေတတ်တာ။အဲ့ဒါလေးကိုပဲ သူကအချစ်ပိုနေရပြန်ရော..

?Daffodils[Complete]Onde histórias criam vida. Descubra agora