• • 𝕲𝖔𝖇𝖑𝖎𝖓 • 🎻•

1K 83 14
                                    


တောင်သမန်တစ်ခု၏ မြစိမ်းရောင်
စားကျက်မြေပေါ်တွင် ဖြစ်သည်။

အကြင်သူသည် စိမ်းပြာရောင်
တောက်တောက်ဖြင့် ညှို့မျက်၀န်းတစ်စုံဖြင့်
အကျွန်ုပ်၏ လားရာဘက်သို့ ဦးမော့နေ၏။

ထိုမျက်၀န်းလဲ့လဲ့ပြာတို့တွင် အဓိပ္ပါယ်ကောက်မရသော
ဖြစ်တည်မှုတို့က တစ်စုံစည်းထဲ ပေါင်းစပ်နေဘိသည်။

အ၀တ်မပါ ဗလာတည်းသော ခန္ဓာငယ်သည်
နေ့အလင်းစူးရှရှအောက် ဇာပုဝါပါးတစ်ထည်သာ
ပတ်တင်၍ သိမ်မွေ့စွာလှပသော
အရိုင်းဆန်ဆန် ပန်းချီတစ်ခပ်ကို ဖော်ညွှန်းပြသနေချေ၏။

အကျွန်ုပ်၏ အကြည့်သည် ဤမျက်ဆန်မပါ
ပုလဲကဲ့သို့တောက်ပြောင်နေသော ညှို့ပြာပြာ
စိမ်းဖန့်ဖန့် မျက်လုံးစိမ်းများအကြားမှာ ရုန်းမထွက်နိုင်ပါလေ။

တဝဲလည်လည်ရစ်ပတ်၍ တစ်ဖက်ကမ်းမှာ
အရိပ်ထင်နေသော ရေပြာကန် မိစ္ဆာလှလှလေးကို
တစိုက်မက်မက်တမေ့တမောကြည့်နေခဲ့မိပါသည်။

၀င်ရိုးစွန်းမှ အလင်းတန်းတောက်တောက်တွေလို
ပြောင်လက်နေတဲ့ ဆံစငယ်တို့အကြား၀ယ် ၊
ဖွဲ့ခွေ ထောင်တက်နေသောသမင်ဦးချိုနဲ့
အလားသဏ္ဌာန်တူစွာသော အရာတွင်
ပန်ဆင်ထားသည်က ရောင်စုံပန်း
လှလှလေးများပင်ဖြစ်ရလေသည်။

ထိုသို့လှပသော အကြင်သူသည်
နတ်ဘုရားတော့မဟုတ်ပါချေ။
အနားကပ်လာသူမှန်သမျှ
ညှို့ယူခေါ်ဆောင်၍ အသက်ကို
ဇဝိန်ခြွေတက်သော ရေပြာကန်မိစ္ဆာ
ယက္ခလီ အမျိုးနွယ်၀င်သာဖြစ်သည်။

ကျွန်ုပ်၏ အမည်ကား ဂျွန်ဂျောင်ဂု ။
"နေအသူရာ" ခေါ် နတ်ပန်းတစ်မျိုးအား
ရှာဖွေနေ‌ရသော ပန်းပုဆရာတစ်ဦးဖြစ်သည်။

အကျွန်ုပ်၏ ငါးနှစ်အရွယ်သမီးငယ်သည်
အပြင်းဖျား၍ အိပ်ရာပေါ်လဲနေသည်မှာ
ဆယ်ရက်ခန့်ပင်ရှိလေပြီ။

ထိုဆေးဖက်၀င်ပန်းသည်
ရေပြာကန် မိစ္ဆာများ တန်ဖိုးထားရသော
အပင်မျိုးနွယ်ဖြစ်ပြီးတောနက်ကြီး၏
ကန်များအောင်၌ ပေါက်ရောက်ကြသည်။
ထိုဆေးဖက်၀င် ပန်းအား မရမက ရှာနေရသည်မှာ
မိုးစင်စင်လင်းမှသည် ယခု ညနေစောင်းချိန်အထိပါလေ ။

Angel Of The Forest 🎻  ( Completed ) Where stories live. Discover now