"ကျစ်"
ချစ်သောမောင်လဲ ပြောမရတဲ့အဆုံး မဒီနဲ့
တူတူဆင်းလာလိုက်သည်။မေမဒီကအောက်ရောက်တာနဲ့သူ့လက်မောင်းအားလာတွဲသည်။
*ဟဲ့ အဲ့ဒါBoss ကောင်မလေးလား*
*မသိဘူးလေ boss ကgayမဟုတ်လား*
*ဟုတ်လား ဒါဆို သူက coverလာ*
မေမဒီကဂရုမစိုက်ပေမယ့် ချစ်သောမောင်
ကတော့ စိတ်ညစ်နေသည်။
"မောင်!!"
"ငယ်...ဘယ်လိုရောက်လာတာလဲ"
"မောင်နဲ့နေ့လည်စာစားမလို့လေ ဒီမှာထမင်း
ချိုင့်ယူလာတယ် "
ယောကူးငယ်က မေမဒီတွဲထားတဲ့လက်ကို
ဖြုတ်ချပြီးသူဝင်ဖက်လိုက်သည်။
"ဟုတ်လား ဒါဆိုသွားစားကြမယ်လေ"
ထိုချိန်မေမဒီက...
" ကိုချစ်သောမောင် ကျမနဲ့တူတူစားမယ်ဆို"
"အို.မမေမဒီရှိနေတာဘဲ sorryနော်...မောင်
သူပြောတာဟုတ်လား"
"မဟုတ်ပါဘူး သူက ခေါ်လို့ကိုယ်လိုက်လာတာ
မေမဒီ မင်းကိုယ့်ဘာသာကိုယ်သွားစားတော့"
" ဒီက ယောကူးငယ် ကဘဲပြန်လိုက်ပါလား
ကျမနဲ့ကိုချစ်သောမောင်က မကြာခင်လက်ထပ်
ကြတော့မှာလေ ခုထဲကဆင်ခြင်သင့်တယ်"
"ဒါ မင်းဘက်ကတစ်ဖက်သက်ဘဲလေ မောင်က
လက်ခံလို့လား ခုက21ရာစုနော် မိဘပေးစား
တိုင်းလက်ခံတဲ့ခေတ်ကုန်သွားပြီး ဇာတ်လမ်း
ထဲကလို သားကလက်မခံလို့အမေသွေးတက်
ပြီးနှလုံးဖောက်လဲနိုင်ငံခြားထိနှလုံးသွားလဲပေး
လိုက်မယ် ok"
"တောက်! "
"သွားရအောင် မောင်!"
ယောကူးနဲ့ချစ်သောမောင်တို့ကထွက်သွား
တာကြောင့် ဝန်ထမ်းတွေက မေမဒီကို တီးတိုး
လှောင်ကုန်ကြသည်။
*ငါ့အကြောင်းသိမယ် *
မေမဒီ တစ်ယောက်ထွက်သွားမကြာဘူး
မီဒီယာမှာ မေမဒီတို့ဘက်က ချစ်သောမောင်
နဲ့မင်္ဂလာသတင်း ကို အတိလင်းကြေညာ
လိုက်သည်။
ချစ်သောမောင်တို့နှစ်ယောက်ကတော့ ဘာ
မှမသိသေးပေ။ညနေအိမ်ပြန်ရောက်တော့
ဘရဏီကအိမ်တွင်ရောက်နေသည်။