"ကျစ်... ငိုကြောကမပျက်သေးဘူးလား..."

"အဟင့်.."

ငိုပါ ငိုချလိုက်သည်မို့ ဘာလုပ်လို့လုပ်ရမလဲမသိတော့...

"အာ... ငါကစတာပါ မငိုနဲ့တိတ် ကားကရပ်မရဘူးလေ "

"အီးးးဟီးးးး"

ပြောလေ ငိုလေမို့ နောက်ဆုံး လမ်းဘေးထိုးရပ်လိုက်ရသည်။

"ဘာဖြစ်တာလဲကွာ... ကလေးလဲမဟုတ်တော့ဘူး ... ဒါလေးစတာကို..."

ပြန်မပြောပဲ ငိုသာငိုနေသည်မို့ လူလဲစိတ်ညစ်လာသည်။

"မားကဘာပြောလိုက်လို့လဲ...."

"....."

" ဘာစားချင်လဲ ငါဝယ်ကျွေးမယ်လေ..."

"....."

ဘယ်လိုမှမေးမရတဲ့အဆုံး ... သူ့ကိုသာဖက်ထားပေးမိသည်။ ခများက ဒီလောက်တောင် ငိုတက်တာလား... ခများလိုလူမှာ မျက်ရည်တွေ အများကြီးရှိသေးတယ်လား...

"ကဲ ငိုလို့ဝပြီလား... "

"အင်း...."

အသံကလဲ ခွေးပေါက်စလေးကျနေတာပဲ ညောင်နာနာနဲ့ သွားတော့မပြောရဲ တော်ကြာထပ်ငိုနေဦးမယ်

"ဘာလို့ ထငိုတာလဲ..."

"ငါ... ငါက လူပိုလိုပဲ..."

ပြောရင်း မျက်ရည်က ပြန်ဝဲလာပြန်သည်။
ဝမ်ရီပေါ်ရေ စကားကိုဆင်ခြင်စမ်း...

"ပေါက်ကရတွေ ကျတော်က ခများကိုစတာပါ
ခါတိုင်းလဲ ပြောနေကြဟာကို...."

"ဟင့်အင်း.... လူတိုင်းက သူ့အလုပ်နဲ့သူ...
ငါပဲ.....
ပြီးတော့ ငါက အရှုပ်ထုပ်.."

"အာ.... မားအိမ်မှာ ဘာတွေစားလာပြီး ပေါက်ကရတွေးနေတာလဲ....
ခများလဲ အရင်ကအရမ်းအလုပ်များတာပဲ...
ခုက နေမကောင်းလို့လေ... အခုလဲ ခများ တနေ့လုံး မအားဘူးမလား.. "

"......"

"မားက ဘာပြောလိုက်လို့လဲ...."

ခေါင်းသာခါသည် မျက်နှာကလဲမကောင်း...
မားကတော့ သူစိတ်ညစ်အောင် မပြောလောက်ပါဘူး
အိမ်အကူတွေကလဲ သူ့ကိုချစ်ကြပါတယ်...

"စစ်ကျွေးလား... သူဘာပြောလို့လဲ..."

"......"

"ခေါင်းပဲခါမနေနဲ့လေ "

Green Grass in Afternoon လိမ္မော်ရောင်မြက်ခင်းစိမ်းလေးOnde as histórias ganham vida. Descobre agora