" သားကသည်းသည်းလေးကို အရမ်းချစ်တာပါဆို။ သား...သားတကယ်ချစ်တာ။ လိမ်မပြောဘူး.....ဟင့်! အီး! "

တူတော်မောင်က အဖီးလ်လွန်ပြီး လမ်းဘေးဝဲယာကြီးမှာ မတ်တပ်ကြီး ငိုချင်းချလာတော့ ဆူဟိုမှာပြာပြာသလဲ ဒူးထောက်ထိုင်ချပြှီး ချော့ရတော့သည်။

တကယ်ကြီး ခံစားသွားရတဲ့ ဂျုံအင်းနီလေးက နင့်နင့်နဲနဲ ငိုနေလိုက်တာ ရှိုက်သံတွေပါထွက်လို့။ မျက်ရည်တွေကို အင်္ကျီလက်နဲ့ အကြမ်းပတမ်း ပွတ်သုတ်နေလို့ သူ့​မှာ ဆွဲရသေးသည်။

ငယ်ငယ်လေးကတည်းက အနေတည်တံ့တဲ့ တူလေးမှာ ငိုတယ်ဆိုတာ မရှိသလောက်ရှားသည်မို့ သူငိုတော့ ဆူဟိုမှာမနေသာပေ။

ဂျုံအင်းနီရဲ့ မျက်ရည်တွေက ဆူဟိုရဲ့အားနည်းချက်ဟုပင် ပြောလို့ရသည်။

" ဂျုံအင်းနီကလည်း မငိုနဲ့လေ။ ဂျောင်ဆူးကဂျုံအင်းနီကို မယူလည်း ဒီကဉီးလေးတစ်ယောက်လုံး ရှိတာပဲ။ ဒီဉီလေးက ကူညီပေးမှာပေါ့။ ကိုယ့်တူလေးကို ဘယ်အသည်းကွဲခံခိုင်းပါ့မလဲ ''

" အသည်းကွဲတာ? "

" ဟမ်..အာ။ အဲ့ဒါက...နောက်တော့သိလာလိမ့်မယ်။ ဂျုံအင်းနီ အရွယ်ရောက်လာရင် သိလာလိမ့်မယ်။ အခုတော့ မငိုနဲ့တော့နော်။ တိတ်တိတ်။ ဂျုံအင်းနီငိုတော့ ဒီဉီးလေးက ဘယ်စိတ်ချမ်းသာပါ့မလဲ ''

" သားမငိုတော့ဘူး ''

မျက်ရည်ဝိုင်းနေတဲ့ မျက်လုံးလေးတွေနဲ့ မော့ကြည့်လာတဲ့ ဂျုံအင်းနီပိစိမှာ ဘယ်လိုပဲ လူကြီးဆန်နေအုံးတော့ ပီဘိကလေးလေးလို ချစ်စရာအတိ။ သူ့တူလေးပုံကို မမြင်ဖူးတဲ့ ဆူဟိုမှာတော့ အသည်းတယားယားနဲ့ ပါးလေးကို ဖျစ်ညှစ်လိုက်လေ၏။

" ဒီမှာကြည့်။ ဒိုဂျောင်ဆူးက ဟော့ဒီက ဂင်မ်ဂျုံအင်းအပိုင်။ ဟုတ်ပြီလား? "

" အွန့်...သည်းသည်းလေးက သားအပိုင် ''

" အေးပေါ့ကွ။ လာပါဉီး...ဒီဉီးလေးကို အနမ်းလေးပေးပါအုံး ''

ဆူဟိုကပါးထိုးပေးတော့ ဂျုံအင်းနီလေးက မွစ်ကနဲ နမ်းသွားလေ၏။ ဂင်မ်ဆူဟိုတို့ ပျော်တယ်ဆိုတာ ပြောမနေပါနဲ့တော့။ ဗိုက်ထဲကို လိပ်ပြာအကောင်တစ်သောင်း ကူးလူးပျံသန်းနေသလိုပင်။

Ant(ပုရွက်ဆိတ်)Where stories live. Discover now