Part ~ 1

28.6K 2K 71
                                    

zawgyi

Cafeဆိုင် တစ်ခုအတွင်း၌ ၀န်ထမ်း ၀တ်စုံလေး ၀တ်ဆင်ထားလျက် စားပွဲခုံများကို အ၀တ်စနှင့် ပွတ်တိုက်သန့်ရှင်းရေး လုပ်ဆောင်နေသည့် ကောင်လေးတစ်ယောက် ။

အညိုရောင် ၀န်ထမ်းဝတ်စုံလေးက အရပ်ရှည်ရှည် ကြည့်ကောင်းသည့် ကိုယ်ဟန်နှင့် လိုက်ဖက်လွန်းစွာ အသားအရေကလည်း ရွှေရောင်ပြေးနေသည် ။

ဝန်ထမ်းဝတ်စုံဖြစ်သည့် ဦးထုပ်အောက်က လှိုင်းတွန့်သဏ္ဍာန် ဆံနွယ်ကောက်ကောက်တို့က ဂုတ်သားဝင်းဝင်းထက် ထောက်နေလျက် အ၀တ်စကို အားပြုနေသည့် သူ့လက်ချောင်းတို့က ရှည်လျားသွယ်လျ လှပနေကာ အကြောစိမ်းစိမ်းလေးများက ထင်းနေပြီး အမွှေးအမျှင် စိမ်းစိမ်းဖန့်ဖန့်လေးတို့နှင့် ၀န်းရံထားသည် ။

" မင်္ဂလာပါဗျ.. Spring day cafeကနေ ကြိုဆိုပါတယ်.. ဘာများ သုံးဆောင်ပါမလဲ.. "

မက်မွန်ရောင် အသည်းပုံသဏ္ဍာန် နှုတ်ခမ်းပါးဆီကနေ ထွက်ပေါ်လာသည့် သြရှရှအသံလေး ။

Customerများ မှာယူသည်ကို စာရွက်လေးထဲ ဖောင်တိန်လေးနှင့် မှတ်သားနေသည့် သူ့၏ပုံရိပ် ။

မျက်ရစ်တစ်ဖက်သာ ပါရှိသည့် မျက်ဝန်းအိမ်ကျယ် လှလှလေးက အညိုရောင်မျက်ဆံနှင့် ရှည်လျားလှပသည့် မျက်တောင်စင်းစင်းများ ခြံရံထားသည် ။

မျက်ဝန်းအောက်က ထင်းနေသည့် မှဲ့နက်လေးအတူ ပါးမို့မို့ထက်က မှဲ့နက်လေးရော နှာတံစင်းစင်းထိပ်က မှဲ့နက်လေးရောက လှပစွာ ဖြစ်တည်လျက်ရှိသည် ။

အလုပ်ချိန် ပြီးဆုံးသွားတော့ Cafeဆိုင်လေးထဲက အလုပ်သမားများအတွက် ပြုလုပ်ပေးထားသည့် အခန်းလေးထဲက lockerလေးကိုဖွင့်ပြီး အင်္ကျီပြန်လဲလိုက်သည် ။

မှောင်ရိပ်ကြီးစိုးနေပြီဖြစ်သည့် မိုးကောင်းကင်အောက်၌ Bus car မှတ်တိုင်သို့ သူရောက်လျှင် ကိုးနာရီခွဲလုပြီ ။

ဖုန်းScreenထက်က နာရီလေးကို တစ်ချက်ကြည့်ရင်း Bus car မှတ်တိုင်လေးမှာ ခဏကြာ ရပ်စောင့်ကာ Bus carဆိုက်ရပ်လာလျှင် တက်လိုက်ပြီး နောက်ဆုံးခုံမှာ ၀င်ထိုင်လိုက်သည် ။

Welcome to Omegaverse (Complete)Where stories live. Discover now