ဟူးးးးတော်သေးတယ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဟူးးးးတော်သေးတယ်...ရိပေါ်မရောက်သေးဘူးးးးစက်ဘီးကိုနေရာတကျထားပြီးတာနဲ့ရိပေါ်ရောက်ပြီလားလို့အခန်းထဲပြေးဝင်လာရတာ ။လှေကားထစ်တွေလည်းတက်ရသေးတယ် မောလွန်းလို့အသက်တောင်ထွက်ချင်နေပြီ။

လွယ်အိတ်ကိုပစ်ချကာ ထိုင်ခုံပေါ်လူတစ်ကိုယ်လုံးမှီထိုင်ပစ်လိုက်သည်။အရမ်းမောတယ်....သေတော့မယ်။

"အစောကြီးရောက်နေပါလားး"

နားနားကပ်ပြောနေတဲ့လေသံတိုးတိုးလေး။ဒါ......ရိပေါ် !!!!
လူတစ်ကိုယ်လုံးရှိသမျှအမွှေးတွေအကုန်ထောင်သွားသလိုခံစားလိုက်ရသည်။ခနလေးအမောဖြေတာကို မှေးကနဲအိပ်ပျော်သွားမိတာပဲ။မျက်လုံးဖွင့်ကြည့်တော့ ခါးကိုင်းကာသူ့ကိုကြည့်နေတဲ့ရိပေါ်....။

"အဟမ်းးးးးဟုတ်......ဟုတ်တယ်..."

ချောင်းတစ်ချက်ဟန့်ပြီးခန္တာကိုယ်ကိုမတ်မတ်လေးပြင်ထိုင်ကာပြောလိုက်သည်။အရေးထဲ..... စကားထစ်နေသေးတယ်

"မင်းအတွက်........"

ခုံဘေးနားမှာပြုတ်ကျနေတဲ့လွယ်အိတ်ကိုကောက်ကာရိပေါ်အတွက်ကိုယ်တိုင်လုပ်ထားတဲ့ sandwiches ဘူးလေးကိုထုတ်လို့ ရိပေါ်ကိုပေးလိုက်သည်။


"........."

"မင်းအတွက်......ငါကိုယ်တိုင်လုပ်လာတာ....."

ထမင်းဘူးကိုမယူဘဲစိုက်ကြည့်နေတာကြောင့် လက်ထဲအတင်းထိုးထည့်ပေးတော့ ကြည့်လာတဲ့မျက်ဝန်းတွေမှာ ဝမ်းနည်းရိပ်သန်းလို့.....

B O G(ZSWW)[Complete] Where stories live. Discover now