"ကျွန်တော့်အကြောင်း Baby Hyung သိပါတယ်...နော်လို့ အဖြေပြန်ပေးတော့နော်လို့"

"မပေးသေးဘူး"

"ဒါဆို ပေးဖို့အစီအစဉ်ရှိတယ်ပေါ့"

"အဟမ်း"

"ဘာလဲ ဘာလဲ လုပ်ချောင်းကြီးနဲ့ ဘာလဲဗျာ"

"ငါ အခုချက်ချင်းတော့မပေးနိုင်သေးဘူး"

ချစ်နေပါရက် မူနေသေးသည့် အချစ်ကလေးက တစ်မျိုးအသည်းယားစရာကောင်းနေပြန်သည်။ သူက ဒီလူသားရဲ့ မေတ္တာတရားတွေကို တောင်းခံနေတာမလို့ စိတ်ရှည်ရှည်နဲ့စောင့်ရပေဦးမည်။

"ဒါဆို ဘယ်တော့ပေးမှာ"

"မင်း ကျောင်းပြီးမှ"

"ဗျာ ကျွန်တော်က အခုမှ ပထမနှစ်လေ Baby Hyung ရေ"

"မစောင့်နိုင်ရင် မယူနဲ့လေ...ငါကပေးလည်းပေးရသေး"

"မဟုတ်ဘူးလေ ဒုတိယနှစ်အစလောက်ရော"

"အခုပဲ ပထမနှစ်ကုန်တော့မှာကို"

"ရုပ်ကလေးနဲ့မလိုက်ဘူး ရက်စက်တယ်နော်"

မအီမသာမျက်နှာပေးလေးက အဖြေကို ချက်ချင်းလိုချင်နေမှန်းသူသိတာပေါ့။ ဘယ်လောက်ပဲသူ့ကိုချစ်ပါတယ်ပြောပြော ဒီကောင်လေးက ငယ်သေးသည်။ ငယ်သေးတဲ့အချိန်မှာ စိတ်ကစားတဲ့အဖြစ်မျိုးဖြစ်မှာကို သူကြောက် သည်။ သူ့ဘက်က ချစ်ရတဲ့အချိန်မှာ ထားခဲ့ခံရမှာကိုကြောက် သည်။

ငါကြောက်ရွံ့မှူတွေကိုလည်း မဖော်ပြချင်တာမလို့ အချိန်အတိုင်းအတာတစ်ခုထိတော့ ငါစောင့်ကြည့်ပါရစေ။ ငါအလုံးစုံယုံကြည်လို့ ငါ့အချစ်တွေပုံအောရရှိတဲ့အခါ မင်းမသိသေးတဲ့ ငါ့ရဲ့တစ်ဖက်ခြမ်းကိုလည်း မင်းသိရလိမ့်မယ်။

ဒီလိုနဲ့ ငါမျှော်မှန်းထားတဲ့အချိန်တစ်ခုမှာ မင်းဘက်က ငါ့ကို ငြီးငွေ့မသွားရင်ကောင်းမယ် ကောင်လေးရေ။

≘ A Boy Named Jeon Jung Kook ≘

စက်ဘီးပျောက်သွားပြီးကတည်းက TaeHyung ရဲ့ကျောင်းပို့ ကျောင်းကြိုအလုပ်ကို JungKook က ကန်ထရိုက်ဆွဲထားသည်။

ဘယ်လိုပဲတောင်းတောင်းပြန်မပေးတဲ့စက်ဘီး။ ဘတ်စ် ကားနဲ့သွားဖို့စောစောထလည်း မထူး။ အိမ်ရှေ့ကို ဘယ်အချိန်က ဘယ်လိုရောက်နေမှန်းကိုမသိ။

 A Boy Named JeonJungKook [Completed]Where stories live. Discover now