" ဂျောင်ဆူး ထိုင်အုံးနော်။ ဂျုံအင်းနီနဲ့အတူ ရေဝင်ချိုးလိုက်တာ ငါပါရွှဲသွားလို့ ''

" ရတယ်ဟျောင်း။ ဖြည်းဖြည်းသာလုပ်။ ကျတော်စာအုပ်ဖတ်ရင်း စောင့်နေမယ် ''

ဆူဟိုက စာဖတ်သူဖြစ်တာကြောင့် သူ့အခန်းထဲ စာအုပ်အမျိုးအစား အစုံအလင် ကလေးပုံပြင်စာအုပ်မှသည် လူကြီးဖတ် အရောင်အသွေးစုံလင် စာအုပ်တွေအထိ ရှိသည်။ အဲ့လိုစာအုပ်တွေဝယ်ပြီး တွေ့ကရာလျှောက်ပစ်ထားရင်များ အန်တီမြင်ရင် ဆူဟိုဟျောင်းတို့ ကျောပြင်ကို ဗျောတင်ခံရပြီသာမှတ်။ အော်သံများ အိမ်ရှေ့ကနေ ဖြတ်သွားရင်တောင် ကြားရတယ်။

ပေါ့ပေါ့ပါးပါး ဖတ်လို့ကောင်းမယ့် စာအုပ်တစ်အုပ်ကို ဆွဲယူပြီး စာအုပ်စင်ဘေး ထိုင်ချကာဖြင့် ဆူဟိုကိုစောင့်ရင် စာဖတ်နေလိုက်သည်။

" ဂျုံအင်းနီ ငြိမ်ငြိမ်နေလေ။ ကိုကိုကခေါင်းသုတ်ပေးနေတာ ငြိမ်ငြိမ်နေမှပေါ့ ''

" ကိုကိုမဟုတ်ဘူး လေးလေး! လေးလေး! သားရဲ့ဉီးလေး! "

" အေးလေကွာ ကိုကိုကမင်းရဲ့ ဉီးလေးဆိုပေမယ့် ကိုကိုကအခုမှ အလယ်တန်းကျောင်းသားပဲ ရှိသေးတာကို ဉီးလေးဆိုတာကြီးက ဘယ်ခေါ်လို့ကောင်းပါ့မလဲ။ ကိုကိုလို့ခေါ်လေ...နော်။ ကိုကိုခေါ် ''

" လေးလေး ''

" ကိုကိုပါဆို ... ဂျုံအင်းနီကလည်း ...  ကိုကိုခေါ် ''

" လေးလေး ''

" ကိုကိုလို့ ''

" လေးလေး ''

" ဟေ့ကောင် ဂင်မ်ဂျုံအင်! "

" ဘာလဲ? သားကိုရိုက်ရင် ဘွားဘွားနဲ့ တိုင်မှာနော်။ အဲ့ကြလေး​လေးကို ဘွားဘွားက တံမြက်စည်းနဲ့ လိုက်ရိုက်မှာ ''

တူဝရီးနှစ်ယောက် သူတစ်ခွန်း ငါတစ်ခွန်း ရန်ဖြစ်နေတာကိုကြားပြီး ဂျောင်ဆူးပြုံးမိပါ၏။ နောက်ဆုံးတော့ ဆူဟိုဟျောင်းကို နိုင်မယ့်သူ ပေါ်လာပြီပဲ။

" မင်းနော် ငါ့ကို ကိုကိုလို့မခေါ်ရင် မင်းကိုခေါင်းမသုတ်ပေးတော့ဘူး။ အဝတ်အစားလည်း လဲမပေးတော့ဘူး ''

Ant(ပုရွက်ဆိတ်)Where stories live. Discover now