"လွင်ရော ငါ့ကိုထားသွားမှာလား"
"မထားပါဘူး... ကိုကြီးဘာလို့ငိုနေတာလဲ"
ကိုကြီးက ရှိုက်ကြီးတငင်ထပ်ငိုပြန်သည်။ ကိုကြိးဟာ ဘာတွေခံစားနေရတာပါလိမ့်။
"လာ ကိုကြီးလာ ကုတင်ပေါ်မှာ လှဲလိုက်နော်..."
ကိုကြီးက ငိုမြဲငိုနေသည်။ ကိုကြီးဆံပင်လေးကို အသာယာဖွမိတော့ အမည်မသိခံစားချက်မျိုးကိုရသည်။ ကိုကြီးဆံပင်တွေက စင်းပြီးဖြောင့်ကာ ပျော့ပျောင်းနူးညံ့လွန်း၏။
ကိုကြီးဆီက ငိုသံတိတ်သွားမှ ကိုကြီး အိပ်သွားပြီဆိုတာ သိတော့သည်။ ဘာတွေက ကိုကြီးကို စိတ်ညစ်စေတာလဲ လွင်မသိ။
ကိုကြီး အိပ်ခန်းထဲမှာ စမ်းတဝါးလျှောက်ရင်း စားပွဲပေါ်မှာ ပြန့်ကျဲနေသည့် စာရွက်များကို တွေ့ရသည်။ လွင်စာကြည့်မီးနဲ့ကြည့်တော့ သတင်းစာစာရွက်တွေဖြစ်နေ၏။
စာတွေကို သေချာဖတ်ကြည့်မှ...
မိုးကုတ်မြို့တွင် ဇနီးကဖောက်ပြန်တယ်ဟုစွပ်စွဲကာ ယောက်ျားက ဇနီးကို ဓားဖြင့်ထိုးသတ်
ဒုတိယစာရွက်တစ်ရွက်မှာတော့
ဇနီးကို သတ်ပြီး ကိုယ့်ကိုကိုယ် ကြိုးဆွဲချသေသွားသည့် မိုးကုတ်မြို့က ယောက်ျားတစ်ဦး
ဒီအရာတွေနဲ့ ကိုကြီးက ဘာဆက်စပ်မှုရှိလဲ။ လွင် သတင်းတွေကို သေချာဖတ်ကြည့်မှ ထိုသတင်းများမှ အမျိုးသားနှင့်အမျိုးသမီးမှာ ကိုကြီး၏ မိဘများဖြစ်နေသည်။ ဒါဆို...။ လွင်မသိခဲ့ဘူး။ လွင့်အဘတို့ကို ကိုကြီးမိဘတွေအကြောင်းလွင်မေးတိုင်း သူတို့ ကားမှောက်ပြီးဆုံးသွားခဲ့ကြောင်း ဖြေကြ၏။ ဒါတွေကို လွင်မှ မသိခဲ့ပါဘဲ...။ ကိုကြီးရယ်...။
ကိုကြီးအိပ်ပျော်တော့ လွင်အိမ်ကိုပြန်လိုက်သည်။ လွင့်မှာ အဖြေမသိခဲ့တဲ့ ပုစ္ဆာတွေအများကြီးရှိသေးတာပဲ။ လွင် မချိုဦးကိုမေးရမယ်။ အဘတို့ကတော့ ဖြေမှာ မဟုတ်ဘူးလေ။
"သူငိုနေတာသိလား မဦး၊ သူ့အမေနဲ့အဘက ကားမှောက်တာမဟုတ်ဘဲ တစ်ခုခုကြောင့်သေသွားတာမလားဟင်"
မချိုဦးကို အစ်ပြီးမေးမှပဲ မချိုဦးက
YOU ARE READING
ဘယ်ရီခင်းထဲက မျက်ရည်တစ်စက်ညနေ
Romanceလွင်သိလား။ လိပ်ကလေးတစ်ကောင်က သူပေါက်ဖွားတဲ့ ကမ်းခြေရဲ့ သဲနံ့ကို လျက်ပြီး မှတ်ထားတတ်တယ်တဲ့။ ဘယ်ခရီး၊ ပင်လယ်တွေ ရောက်ရောက်ဘယ်လှိုင်း၊ ဘယ်လောက်ထန်ထန် တစ်ချိန်ချိန်မှာ အဲ့ကမ်းခြေကို ပြန်ရောက်လာတယ်။ လွင်ကရော ကိုကြီးဘဝရဲ့ လိပ်ကလေးလားဟင်။