The End (Zawgyi)

3 3 0
                                    

Zawgyi

" သားရှိုန်းရေ ထတော့လေ၊ ဒီနေ့ကျောင်းအသစ်ကိုသွားရမယ်လေ စောစောသွားရမှာပေါ့၊ ထထ ပေကပ်မနေနဲ့"

ဒီနေ့သည် ရှိုန်းမင်းသန့် ရဲ့ အထက်တန်းကျောင်းနောက်ဆုံးနှစ်တက်ရမည့်နေ့ဖြစ်သည်။
မေမေရဲ့အလုပ်ကြောင့် နယ်မှာ ၁ပါတ်လောက်ပဲတက်ရပြီး ရန်ကုန်မြို့ကို ပြောင်းလာခဲ့ရတာဖြစ်၏။
မနက်၇နာရီပဲရှိ‌သေးတယ်ဆိုပေမယ့် အသူရိန်နေမင်းကြီးကတော့ ကမ္ဘာအနှံ့ သူ့အလင်းရောင်တွေ ဖြန့်ကျက်နေ၏။ ရှိုန်းရဲ့ မေမေကတော့ သူ့ကိုလာနိုးရင်း ပြတင်းပေါက်တွေအကုန်ဖွင့်သွားတာဖြစ်၍ မျက်လုံးမဖွင့်ချင်ဖွင့်ချင်နဲ့ ထခဲ့ရတော့၏။

" လာ သားလေး မနက်စာစာပြီးမှသွား "

"ဟုတ် မေမေ၊ သား သိပ်မဆာလို့ နည်းနည်းပဲစားတော့မယ်"

"သားအကြိုက် ချက်ထားတာကို ဒီနေ့ကျ ဘာလို့နည်းနည်းပဲစားမှာလဲ၊ ရော့ ဒီလောက်တော့ ကုန်အောင်စား"

မနက်စာသည် မြန်မာအစားအစာ မုန့်ဟင်းခါးဖြစ်သည်။ ရှိုန်းရဲ့ အကြိုက်ဆုံး မနက်စာဆိုလဲမမှားပါဘူး။ ဒါမယ့် ဒီနေ့ သူ့ရဲ့ပထမ‌ဆုံးကျောင်းတက်ရက်ဖြစ်၍ စိတ်လှုပ်ရှားနေသောကြောင့် စားမ၀င်နိုင်ဖြစ်နေတာ၊ ပထမဆုံးကျောင်းတက်ရက်လေးမှာ ဘာတွေစိတ်လှုပ်ရှားစရာရှိနေမှာလဲပေါ့၊ ဒါမယ့် ရှိုန်းအတွက်ကတော့ စိတ်လှုပ်ရှားစရာပါ ၊ ဘာကြောင့်လဲဆိုတော့ သူ့မေမေအလုပ်ကြောင့် နယ်ကနေ ရန်ကုန်မြို့ကြီးကို ပြောင်းလာခဲ့ရသောကြောင့်ဖြစ်သည်။
ကျောင်းသစ်၊ နေရာသစ်၊ လူသစ်တွေနဲ့ တွေ့ရမှာ ရှိုန်းလို အရှက်အကြောက်ကြီးတဲ့ လူတစ်ယောက်ကတော့ အမှန်ကို စိတ်လှုပ်ရှားစရာပင်...
_________________________________
ဂုဏ်ရည် ယောက်ျားလေးသီးသန့် ကိုယ်ပိုင်‌ကျောင်းဖြစ်သည်။

" သားရှိုန်း အရမ်းစိတ်လှုပ်မရှားနဲ့တော့ ၊ မေမေပြောတာတွေမှတ်မိတယ်မလား၊ သူငယ်ချင်းအသစ်တွေကို ဖော်ဖော်ရွေရွေဆက်ဆံနော်၊ မေ့ရဲ့သားလေးကလိမ်မာပါတယ်၊ စာကိုလဲ သေချာအာရုံစိုက်နော်၊ ညနေကျောင်းဆင်းရင် မေမေပြန်လာကြိုမှာမို့ ဒီမှာပဲစောင့်နေနော် ဟုတ်ပြီလား မေ့သားလေး၊ သွားတော့ သားလေး၊ မေမေ ဆရာမကိုဂရုစိုက်ပေးဖို့ သေချာမှာထားပြီ၊ မေမေလဲ အလုပ်သွားတော့မယ်"

You've reached the end of published parts.

⏰ Last updated: Nov 13, 2021 ⏰

Add this story to your Library to get notified about new parts!

The EndWhere stories live. Discover now