Daddy? ထည်ဝါ မျက်ခုံးတွေ ပင့်တက်သွားကာ ပါးစပ်အဟောင်းသား။ ဘယ်နှယ့်ဟာတုန်း! ဒီကောင်လေး သူ့ကိုလာ flirt နေတာလား။ သူမွေးရင် သူ့သားထက်တောင်ငယ်နေမဲ့ဟာလေးကများ...။ ပင့်တက်သွားတဲ့ မျက်ခုံးတန်းတွေက အတော်နဲ့ပြန်မကျ။

သို့သော်လည်း ကောင်လေးရဲ့ ပြုံးနေတဲ့ မျက်နှာလေးက အပြစ်ကင်းစင်သလို နှစ်လိုဖွယ်။ ထွက်ပြေးလာပုံပေါက်တာကြောင့်...

[ဘယ်လိုက်ပို့ပေးရမလဲ]

ရှေ့က driver ကောင်လေးကို ကားထွက်ဖို့ပြောလိုက်ရင်း မျက်လုံးဝါလေးကို ကြည့်ကာ မေးလိုက်သည်။

[Hotel တစ်ခုခု...]

[သက်တောင့်သက်သာနေ]

[Bae ကိုသိလို့လား]

သူ့ကိုယ်သူ လက်ညှိုးထိုးကာ မေးလာသည်မို့...

[ကိုယ့်တူလေးက မင်းfan]

"Ahhh~"

ခဏ တိတ်ဆိတ်သွားသည်။ ကားက Hotel တစ်ခုရှေ့ရပ်သွားသည်နှင့်...

[မင်းတစ်ယောက်တည်းလား]

ထည်ဝါမေးလိုက်တော့ မျက်လုံးဝါလေးက ခေါင်းငြိမ့်ဖြေသည်။

[ဆရာလုပ်တာမဟုတ်ဘူး... နာမည်ကြီးတစ်ယောက်က ဒီလို လျှောက်သွားနေလို့မဖြစ်ဘူးလေ... မင်းရဲ့လူတွေကိုလှမ်းခေါ်ထားလား၊ သူတို့လာတဲ့အထိ စောင့်ပေးမယ်]

နေရာဒေသလည်း အခုမှရောက်ဖူးတဲ့ပုံပင်။ ဘာသာစကားကလည်း ကျွမ်းကျင်ပုံမရ။ ဒီလိုပုံစံနဲ့ တစ်ယောက်တည်း...။ ထည်ဝါ မျက်လုံးဝါလေးကိုကြည့်ကာ သက်ပြင်းချမိသည်။

[Bae အခုခေါ်လိုက်မယ်]

Klayton တစ်ယောက်တည်းနေချင်သော်လည်း Daddy ကပြောလာသည်မို့ ဖုန်းထုတ်ကာ သူ့လူတွေကို SNS ပို့လိုက်သည်။

Daddy လို့ခေါ်တာကို ဘယ်လိုထင်သွားသလဲမသိ သူ့ကိုမော့ကြည့်ကာ သက်ပြင်းတွေပါချနေသည်။ Daddy က အသက်​လေးဆယ်လောက်ရှိမည်ထင်သည်။ နုဖက်နေလိုက်တာများ အပြစ်ဆိုဖွယ်မရှိ။ ဒီနိုင်ငံသားရုပ်ရည်မျိုးကိုမှ တစ်မျိုးလေးချောသည်။ သူလည်းသေချာမပြောတတ်။ တိကျပြီး ပြတ်သားတဲ့မေးရိုးထင်းတွေရှိသေးသည်။

Lilac U (Ongoing.....)Where stories live. Discover now