"ဒီကလေး လေးကတော့ "

ဘုန်းထက်ရှိန် ခေါင်းကိုအသာယမ်း၍ တဖက်ပြတင်းပေါက်မှာ အတွေးလွန်နေပုံရတဲ့ အသည်းငယ်လေးကို သဘောကျစွာ ပြန်ငေးနေမိသည်။
နေပါဦး...ငယ်က သူ့ကိုမမြင်ဘူးလား!အရင်ကဆို မြင်တာနဲ့ ကိုကိုဆိုပြီးခေါ်နေကြပါ။အမှန်တော့ မိန်းငယ် ကဘုန်းထက်ရှိန် ဝင်လာတာကိုသတိမထားမိတာဖြစ်သည်။မမြင်တာကတော့
လိုက်ကာစနှင့်ကွယ်နေတာကြောင့်ရော...ကိုယ့်အတွေးနဲ့ကိုယ် ဖြစ်နေတာရောကြောင့်...။

"ငယ်...၊ကလေးငယ်ငယ်...၊ဟိတ်..."

"အယ်...ကိုကို့၊ဘယ်တုန်းကရောက်နေတာလဲ
ငယ်သတိမထားမိလိုက်လို့ ဟီးးဟီးး "

ကြည့်!ကလေးက အဲ့လိုပါဆို။မျက်နှာတောင်သစ်မထားပဲ
သွားလေးဖြီးပြီး မျက်နှာပြောင်လေးလုပ်ပြနေပုံကို
ကြည့်မဝနိုင်တာလည်း ဘုန်းထက်ရှိန်ရယ်ပါ။ချစ်မိသွားတော့လည်း
ငယ်က ဘယ်လိုနေနေကို ကြည့်မဝ၊ချစ်မဝလေးဖြစ်နေ၏။
ငယ့်ကိုတွေ့လိုက်တိုင်း ဘယ်တော့မှရိုးမသွားတဲ့ရင်ခုန်သံတွေ၊
ကိုကို ဆိုတဲ့ခေါ်သံလေးတွေအစ ရယ်မောသံလေးတွေအဆုံး
အချိန်တိုင်း နားထောင်လို့ရတော့မည်။

ငယ်ကတစ်ခါတစ်လေ ကလေဆန်တက်ပေမယ့် နေရာတိုင်းတော့မဟုတ်ပါ။တစ်ခါတစ်လေ ကလေးလေးလို ဆိုးသလို တစ်ခါတစ်လေကြ လူကြီးတစ်ယောက်လို ဆုံးဖြတ်နိုင်စွမ်းရှိသည်။ ခမ်းခမ်းနားနားပြင်ဆင်မူမပါတဲ့
မင်္ဂလာ အခမ်းအနားလေးပဲ လုပ်ချင်တယ်ပြောတော့ ကိုယ့်မှာတအံ့တသြ။
ငယ်ကအခုမှ လူငယ်အရွယ်လေးပဲရှိသေးတာ။နောက်ပြီး တစ်သက်လုံးမှာ တစ်ခါပဲဆောင်ခွင့်ရတဲ့ မင်္ဂလာဆောင်ကို နှစ်ဖက်မိသားစုနှင့်မိတ်ဆွေတစ်ချို့ကိုသာဖိတ်ကာ အကျဥ်းချုံလုပ်ချင်တယ်ပြောတော့ ထပ်ဆင့်အံသြရသူက ကိုယ်။

"ဘာလို့လဲ "မေးတော့ပြန်ဖြေတာက "ကိုကိုသာဖြစ်နေမယ်ဆို၊ကိုကိုနဲ့သာလက်တွဲရမယ်ဆို တရားရုံမှာလက်မှတ်ထိုးရုံပဲဆိုလည်းဖြစ်တယ်၊
အဓိကက ကိုကိုဖြစ်နေဖို့ပဲ၊ခမ်းနားမူတွေက ကိုကို့အချစ်လောက်တော့ မခမ်းနားနိုင်တာမိို့ ငယ်အပေါ်ယံတွေမရှိလည်း အဆင်ပြေတယ်"ဆိုပြီး တွေးစစလေး ဖြေရှာလာတော့ ငယ်ကလက်ထပ်ထားတယ်ဆိုတာ လူသိမှာဆိုးလို့လားဆိုတဲ့ ခပ်ကြောင်ကြောင်တွေးမိတဲ့ ကိုယ့်ကိုကိုယ်ဖြတ်ရိုက်ပစ်လိုက်ချင်သည်။

ကိုကို့ရဲ့ငယ်...✨Where stories live. Discover now