part 11 (ပုဂံခရီးစဥ် ၃)

Start from the beginning
                                    

"ဘယ်လိုလုပ်မှာလဲ ဒီတိုင်းကြီးတက်လို့မရဘူးထင်တယ်
ဟိုနားက ဘုရားဂေါပက ကြီးက မျက်ထောင့်နီကြီးနဲ့ ကြည့်နေတယ်"

ဆိုပြီး လက်ယာက မေးပစ်ပြပြီးပြောလာတယ်

"အေး အောက်မှာတော့ ပုဆိုးဆိုင်ရှိလောက်ပါတယ် သွားကြည့်ရအောင်"

ဆိုပြီး ယဇ်ကပြောပြီး
အကုန်အောက်ဆင်းလာလိုက်ကြတယ် နောက်တော့ တွေ့တဲ့ဆိုင်က
ပုဆိုးဝယ်ဝတ်ပြီး ဘုရားပေါ် ကိုပြန်တက်လာခဲ့တယ်

ဘုရားကို လက်ယာရစ်ပတ်ဖူးပြီး
ကို့နေ့နံမှာ လုရားရှိခိုးဖို့ စဥ်းစားထားပေမဲ့ အညာဒေသရဲ့ နေ့ခင်းပိုင်ဆိုတော့ နေပူနေတာနဲ့
စောင်းတန်းထဲကနေပဲ ရှိခိုးလိုက်ကြတယ် ပုရားရှိခိုးပြီးတော့
ပြည့်စုံက

"ဒီဘုရား သမိုင်းကြောင်းကို ဘယ်သူသိလဲ သိတဲ့သူ ရှင်းပြပါလား ငါသိချင်လိူ့"

ဆိုပြီး ပြောလာတော့
ကျန်တဲ့၇ယောက်မှာ မင်းပြောလိုက်ဆိုတဲ့ ပုံနဲ့ တယောက်မျက်နှာတယောက်ကြည့်ပြီး
ရာဇ်အသံက အစဆုံးထွက်လာတယ်

"ပြည့်စုံ ငါတို့၃ယောက်ကိုတော့ မမေးနဲ့ ငါတို့က သမိုင်းချိန်ရောက်တိုင်း ငိုက်နေတက်တာမင်းလည်းသိရဲ့သားရဲ့ နော်လက်ယာ"

ဆိုပြီး လက်ယာကို ပါအဖော် ခေါ် ပြီးပြောလာတယ်
လက်ယာနဲ့ သွေးကလည်း ခေါင်းကိုတဆတ်ဆတ်ငြိမ့်ပြီးကို
လက်ခံနေတယ်

"အကိုတို့ကိူလည်း မမေးနဲ့
အကိုတို့က ကျောင်းပြီးတာကြာပြီလေ"

ဆိုပြီး ကိုလင်းဆီက အသံထွက်လာပြန်တယ်
နောက်တော့ အဝူးဆီက

"ယဇ် ရှင်းပြလိမ့်မယ် သူက သမိုင်းကို စိတ်ဝင်စားတော့
သူရှင်းပြနိုင်လောက်ပါတယ်"

"ဟာ အကိုကလည်း ကျနော်
မသိပါဘူးဆို"

ဆိုပြီး ရာဇ်ဆီက အသံထွက်လာတယ်

"အယ် ငါကမင်းကိုပြောတာ မဟုတ်ပါဘုးကွာ ယပလက်နဲ့ ယဇ်တဲ့ကောင်ကိုပြောတာ"

"ေအာ် အဲလိုလား
အသံထွက်ချင်းက ဆင်နေတာကိုး"

"ေအး ဟုတ်တယ်
မင်းတို့၂ယောက်ထဲကတယောက်ပြောင်းလိုက်ပါလား"

Ride or DieWhere stories live. Discover now