အပိုင်း ၄၅

Start from the beginning
                                    

အဲ့ဒီ့အချိန်က သူတွေးလိုက်မိတာက သူ ဉီးလေးထျန်းပေးမဲ့ အမွေတွေကို မယူဘဲနေရင်တောင် သူ့မှာ အဖိုးဖြစ်သူပေးလာမဲ့ ပင်မစံအိမ်တော်ရဲ့ အမွေပိုင်ဆိုင်မှု့တွေ ရှိသေးတယ်ဆိုပြီးတော့ပင်။ ဒါတောင် ဖခင်ပေးလာမည့် အမွေပိုင်ဆိုင်မှု့ကို သူထည့်မတွက်ခဲ့ပေ။

သူ့မှာ သူကိုယ်တိုင်ရဲ့ ကိုယ်ပိုင်အစွမ်းအစလည်း ရှိသလို သူ့ကိုယ်ပိုင် ပိုင်ဆိုင်မှု့ဖြစ်သည့် ဒေါ်လာဘီလီယံချီတဲ့ ငွေတွေကလည်း သူ့ဘဏ်ကဒ်ထဲမှာ ရှိသေးသည်။သူ့မှာ အစကတည်းက ဓနအင်အား အလုံအလောက်ရှိနေခဲ့တာဖြစ်သည်။ ဒီလို အင်အားအလုံအလောက်ရှိနေခဲ့တာကြောင့် ထပ်ပြီး ပိုတိုးရှိလာဖို့ကိုလည်း သူစိတ်မဝင်စားဖြစ်ခဲ့ရသည်။

အဲ့ဒီ့အချိန်က သူ့အတွေးထဲမှာ နောက်ထပ် ၂ နှစ်ထပ်
ပြီး မစောင့်စားနိုင်တော့အောင်ကို ရှောင်ဟန်ကို တမ်းတလွမ်းစွက်ခဲ့ရတာကြောင့် ရှန်ဟိုင်းကိုသာ အမြန်ပြန်ရဖို့ ဇောကပ်နေခဲ့ရသည်။

သို့ပေမဲ့ ကိစ္စအားလုံးက ကျိုးယွင် မျှော်မှန်းထားသည့်အတိုင်း ဖြစ်မြှောက်မလာခဲ့ပေ။
လျှို့ဝှက်ခန်းထဲကို ခိုးဝင်ပြီး အချက်အလက်တွေရှာဖွေခဲ့ပေမဲ့ သက်ဆိုင်သည့်အစအနကိုပင် ရှာမတွေ့ခဲ့ပေ။ အစက ခြေရာလက်ရာမကျန်အောင် ၊အစီစဉ်တကျ နေရာတစ်ကျဖြစ်အောင် ၊ဉီးလေးဖြစ်သူမရိပ်မိအောင်၊ ပစ္စည်းတွေကို သူ့နေရာနဲ့သူ အထားအသိုမလွဲမှားအောင် ရှာဖွေခဲ့ပေမဲ့ ...
ရှာဖွေနေသည့် အရာကို မတွေ့ရှိသည့်အခါတွင်တော့ သူ့စိတ်တွေက ထိန်းမနိုင်သိမ်းမရ အခြေအနေတစ်ခုလို ရှုပ်ထွေးမွန်းကြပ်လာခဲ့ရပြီး ထိုစိတ်ရဲ့စေစားချက်ကြောင့်ပင် လျှို့ဝှက်ခန်းတစ်ခုလုံးကို ရစရာမရှိအောင်မွှေနှောက်ဖျက်စီးပစ်မိခဲ့သည်။
သူ့စိတ်တွေက အဲ့အချိန်တုန်းက ထူးဆန်းစွာပင် ထိန်းမနိုင်သိမ်းမရ လွတ်ထွက်သွားခဲ့ရတာဖြစ်သည်။

သူဒီလို လုပ်လိုက်မိတဲ့ ကောင်းကျိုးရလဒ်တစ်ခုအနေနဲ့ ဒီစံအိမ်တော်ကြီးရဲ့ဒီဇိုင်းပုံကို တွေ့ရှိခဲ့ရတာဖြစ်ပြီး ဆိုးကျိုးရလဒ်တစ်ခုအနေနဲ့ ဉီးလေးထျန်း၏ ကြီးလေးတဲ့ အပြစ်ပေးခြင်းကို ခံခဲ့ရသည်။

Love of an idoit  အရူးတစ်ယောက်ရဲ့အချစ် [Ongoing]Where stories live. Discover now