အပိုင်း ၄၅

Start from the beginning
                                    

ရှောင်ဟန်နိုးလာခဲ့ရင် သူ့ကို ဘယ်လို တုန့်ပြန်လာခဲ့မလည်း သူအရမ်းသိချင်လှသည်။

ဘာ့ကြောင့်ဆို သူ ရှောင်ဟန်ကို အရင်က သူတို့အတူတူနေကြမယ်လို့ဆိုခဲ့ဖူးတဲ့ ပေကျင်းတောနက်ထဲက နေအိမ်နေရာဆီကို ခေါ်လာခဲ့တာကြောင့်ဖြစ်သည်။
ဒါ့ကြောင့်လည်း ရှောင်ဟန် သတိရလာမယ့်အချိန်ကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ သူစောင့်မျှော်နေမိသည်။

ဒီအိမ်အသစ်ကြီးနဲ့ ပတ်သတ်ပြီး ရှောင်ဟန်ဘက်က ဘယ်လို ဝေဖန်ထောက်ပြလာမလည်းဆိုတာကို သူတကယ်စိတ်ဝင်စားလှသည်။ ဘာ့ကြောင့်ဆို ဒီအိမ်ကြီးရဲ့ ဒီဇိုင်းက သူအရင်ရွေးချယ်ထားခဲ့တဲ့ villaတိုက်တစ်လုံးဒီဇိုင်းပုံစံ မဟုတ်တော့တာကြောင့်ဖြစ်သည်။
အရင်က သူဆောက်ဖို့ ပြင်ဆင်ရွေးချယ်ခဲ့တဲ့ Villaရဲ့ ဒီဇိုင်းပုံစံက အရမ်းကောင်းမွန်ခဲ့ပေမဲ့ သူ ထပ်မံတွေ့ရှိခဲ့ရသည့် စံအိမ်ကြီးရဲ့ဒီဇိုင်းပုံနဲ့ယှဉ်လိုက်ရင် ဘာဆိုဘာမှ ဟုတ်မနေတော့ပေ။
ဒါ့ကြောင့်ပဲ အချောသပ် ပြီးစီးလုနီးပါးနေတဲ့ ဒေါ်လာသန်းပေါင်းများစွာကုန်ကျခဲ့တဲ့villaကြီးကို ဖြိုချဖျက်စီးပစ်ပြီး သူမျက်စိကျတဲ့ စံအိမ်တော်ကြီးရဲ့ပုံစံ
ကို သတ်မှတ်ထားတဲ့နှစ်အတွင်း ရအောင်ဆောက်လုပ်ဖို့စေခိုင်းခဲ့တာဖြစ်သည်။

ဒီစံအိမ်တော်ကြီးရဲ့ ဒီဇိုင်းပုံကို သူဘယ်ကနေတွေ့မြင်မိခဲ့တာလည်းဆို သူ့ဉီးလေးထျန်းရဲ့ လျှို့ဝှက်ခန်းထဲကနေပင်။

သူ USရောက်ပြီး ၁နှစ်လောက်အကြာမှာပဲ ဉီးလေးထျန်းရဲ့ လျှို့ဝှက်ခန်းထဲကို အခန်းကုဒ်နံပါတ် ဟက်ပြီး ခိုးဝင်မွှေနှောက်ပစ်ခဲ့သည်။
အဲ့ဒီ့အချိန်က သူ ခိုးဝင်ခဲ့ရတဲ့ အကြောင်းအရင်းက သူ့မိဘတွေရဲ့ အကြောင်းအရင်းအချက်အလက်တွေကို အချိန်ထပ်မစောင့်နိုင်တော့ဘဲ ချက်ချင်းသိချင်ခဲ့မိတာကြောင့်ဖြစ်သည်။
နောက်ထပ် နေရမည့် အချိန် ၂နှစ်ကိုတောင် ထပ်မစောင့်စည်းနိုင်တော့ဘဲ သူ သိချင်ခဲ့ရတဲ့ အကြောင်းအရင်းက အခြားကြောင့်မဟုတ်ပေ။
ရှောင်ဟန်ကြောင့်သာ။
အဲ့ဒီ့အချိန်အခါက သူ ရှောင်ဟန်နဲ့ နောက်ထပ်
အချိန်၂နှစ်ထိ ခွဲခွာပြီးမနေနိုင်တော့တာကြောင့် စိတ်ကူးပေါက်သည့်အတိုင်း အကောင်ထည်ဖော်
လုပ်ဆောင်ဖို့အတွက် ခိုးဝင်ခဲ့တာဖြစ်သည်။

Love of an idoit  အရူးတစ်ယောက်ရဲ့အချစ် [Ongoing]Where stories live. Discover now