" အဲ့တော့ ဘာဖြစ်လဲ "

အသံကစူးခနဲထွက်လာပြန်၏။ တော်တော်ကိုဒေါသအားချုပ်ထိန်းနေပုံရသည်။

" ကျန်းမာရေး ထိခိုက်လိမ့်မယ်၊ စား "

" မစားနိုင်ဘူး! "

" ခင်ဗျားမစားရင် ကျုပ်ခွံံ့ပေးမယ်"

" သီဟမင်းထင်! "

" ခင်ဗျား ဆုံးဖြတ်၊ ကျုပ် ခွံ့ကျွေးတာစားမလား ကိုယ့်ဘာသာကိုယ်စားမလား "

" မစားဘူးဆိုရင်ရော! "

" ကျုပ်အကြောင်း ခင်ဗျားသိတယ်မလား၊ ခင်ဗျားကို ကျုပ်နမ်းရလိမ့်မယ် "

" မင်း! "

ထိုအခါမှ ဇွန်းကို စိတ်မပါလက်မပါကိုင်ပြီး စားနေသည်။ မစားတာထက်စာရင်တော့ ဒါက တော်သေးသည်ဟုပြောရမည်။

ထမင်းစားပြီးနောက် ဘာမှမပြောပဲ ထထွက်သွားသည်။ သီဟလည်း စားနေတာကိုလက်စသတ်ပြီး ထွဋ်ခေါင်နောက် လိုက်လာသည်။

အခန်းထဲရောက်တော့ ထွဋ်ခေါင် စောင်ကိုခေါင်းမြီးခြုံကာ အိပ်နေသည်ကြောင့် သီဟဆွဲဖယ်ဖို့ရာ ​လုပ်ပေးမယ့် ဖယ်ရှားမခံပေ။

" ခင်ဗျား အသက်ရှူမကြပ်ဘူးလား "

" .............. "

ကြာရင် နေရခက်မှာစိုးရိမ်တာကြောင့် စောင်ကိုအတင်းဆွဲဖယ်လိုက်တော့

" ခင်ဗျား.... "

သီဟ စကားလုံးများပျောက်ဆုံးသွားရသည်။ နီနီရဲရဲမျက်နှာပေါ်က မျက်ရည်တွေနဲ့ပေပွနေသောထွဋ်ခေါင်

" ဘာလို့ ငိုတာလဲ "

" .............. "
လှဲအိပ်နေသူအား သီဟ ဆွဲထူလိုက်သည်။ ပြီးနောက် မျက်နှာအား လက်နှစ်ဖက်ဖြင့် ဖွဖွလေး ကိုင်ကာ

" ဘာကြောင့်များ ငိုနေပြန်တာလဲဗျာ "

" ............... "

" ကျုပ်ကို အများကြီး စိတ်ဆိုးနေတာလား "

" ............... "

" မငိုပါနဲ့၊ ကျုပ် ခင်ဗျားမျက်ရည်ကျတာကို မြင်ရတာ သဘောမကျဘူး "

မျက်နှာပေါ်က ကျဆင်းလာပြန်တဲ့ မျက်ရည်တွေကို ခပ်ဖွဖွလေးသုတ်မိ၏။ မျက်ရည်တွေကိုမြင်ရတော့ ရင်ထဲက တဆစ်ဆစ်နာသည်။ အကြောင်းအရင်းရယ်လို့ရေရေရာရာမသိရတာမို့ပို၍ ခံရခက်သည်။

မောင့်မူပိုင် (Completed) Where stories live. Discover now