"......."

ဥက္ကဌမု၏အမြင်အာရုံမှာ မှုန်ဝါးနေသော်လည်း သူ တစ်လုံးတစ်ဝတည်း စိတ်လှုပ်ရှားသွားရသည်။

ငါ့အကျန်တွေကို စားလိုက်တယ်!

ထို့ကြောင့် သူ “ဒါလင်.....” ဟု ချစ်မြတ်နိုးစွာ ခေါ်ခဲ့မိ၏။

"ပါးစပ်ပိတ်ထား!" ကျုံးလီဖုန်းပိုင်သည် မုချိုး၏နူးညံ့သည့်စကားလုံး​တွေကို နားမထောင်နိုင်
သည့်အတွက် သန့်စင်ခန်းဆီသို့ လျှောက်သွားခဲ့သည်။

သူ သေသာ​သေလိုက်ချင်တယ်!

မုချိုးသည်ကား ကုတင်ပေါ်တွင် လှဲနေလျက်သား တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။မျှော်လင့်ထားသည့်အတိုင်း အသက်ကြီးစုံတွဲတွေလိုဆက်ဆံရေးမျိုးရှိနေတာ မယုံနိုင်စရာပဲ။

“ကြည့်စမ်း။မင်း အပြုံးကြီးက ဘယ်လောက်ညစ်ညမ်း​နေလဲ?” အိုးရန်လုံသည် တံခါးဝတွင် ရပ်ကာ အထင်အမြင်သေးစွာ ကြည့်နေ၏။

"ပါးစပ်ပိတ်ထား!" မုချိုးသည် တံခါးနားက ခပ်ဝါးဝါးပုံပေါက်နေတဲ့ပုံရိပ်ကို ကြည့်ကာ အော်ဟောက်လိုက်ပြီး "မင်း ဒီကိုမလာဘဲ ဆုနိုနဲ့ အချစ်ကိစ္စ​လေး​တွေ မလုပ်ရတာလဲ?"
မင်းအချစ်ကိစ္စတွေကိုဖန်တီးနိုင်တယ်ဆိုရင် မင်း ဘာလို့ဒီကိုရောက်နေရတာလဲ!စိတ်ထဲမှာ လုပ်ရတာ ပျင်းလာ​နေလို့လား?

"အင်း...ကျွန်တော်တို့ ဥက္ကဌမုဆီကို အလည်လာခဲ့တာပါ"

ဆု​ရှောင်းနို၏မျက်နှာသည် ချက်ချင်းနီမြန်းသွားတော့သည်။ ပွင့်ပွင့်လင်းလင်းပြောရရင် 'အချစ်ကိစ္စလေးတွေ လုပ်' ဆိုတဲ့စကားကိုကြားရတာ အရမ်းရှက်စရာကောင်းတယ်လေ!

shit! မုချိုး၏မျက်နှာသည် ချက်ချင်းပင် အပြုံးတစ်ခုလို ပွင့်လန်းသွားပြီး စူးစမ်းလိုစိတ်များ ပြည့်နှက်နေတော့သည်။

သူတို့*အတူတူ*ဒီကို*လာခဲ့တယ်ပေါ့!

ဒါအမှန်ပါပဲ(ရေးထားတာ အမှန်ပါပဲ)။မုချိုးသည် သူ့အချစ်​လေးရဲ့ သြဇာလွှမ်းမိုးမှုကို ခံလိုက်ရ​လေသည်။
စကားလုံးတစ်လုံးကို*တစ်ချိန်တည်းမှာ*တစ်ဖြတ်*ပြောရမယ်!

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now