ဟန်ဝေသည် အသက်ရှူလိုက်သွင်းလိုက်ဖြင့် ရင်ဘတ်ထဲတွင် တင်းကျန်နေသည်။ သူ့အစ်ကိုကြီးကို နှင်ထုတ်ပစ်ဖို့ စိတ်အားထက်သန်နေတဲ့ ညီတစ်ယောက် သူ့မှာ ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ?

"ဂွတ်နိုက်။ အစ်ကိုကြီး" ဆု​ရှောင်းနို၏လေသံသည် အလွန်နူးညံ့နေတာ​ကြောင့် မစ္စတာဒါရိုက်တာ၏ဥများကပါ မနာလိုဖြစ်လာရသည်။

“....ဂွတ်နိုက်” ဟန်ဝေ၏ခေါင်းကိုက်မှုသည် ထပ်ခါထပ်ခါ ပြန်ဖြစ်နေပြီး ငယ်ငယ်တုန်းက သူ့ညီငယ်​လေးကို ကောင်းမွန်စွာ မသင်ကြားပေးခဲ့မှုအပေါ် လေးနက်စွာ တွေးတောဆင်ခြင်မိသည်။

ဆုနို ဖုန်းချလိုက်ပြီးနောက် အိုးရန်လုံက စကားစလိုက်သည်။ "မင်းအစ်ကိုကြီးလား?"

“အင်း” ဆုနိုသည် သူ့ကိုလူချောကို ပွေ့ဖက်လိုက်သည်။ "မနက်ဖြန်မနက် အိမ်ပြန်ဖို့ပြောတာပါ"

"အော်... ပြဿနာရှိလို့လား?" အိုးရန်လုံသည် သူ့ခေါင်းလေးကို ပွတ်ပေးလိုက်သည်။

“ဖြစ်နိုင်တယ်။ ဒါပေမယ့် ဖုန်းထဲမှာ မပြောလိုက်ဘူး”
"မင်းနဲ့ မင်းအစ်ကိုကြီးက ဆက်ဆံရေးကောင်းတာပဲ" အိုးရန်လုံသည် သူ့နှာခေါင်းပေါ်က အမြှုပ်တွေကို သုတ်ပေးလိုက်သည်။

"ကျွန်တော်တို့က တစ်ယောက်နဲ့တစ်ယောက် အားကိုးရင်းနဲ့ အတူတူ ကြီးပြင်းလာခဲ့ရတာလေ" လေထုက ကောင်းမွန်နေပုံရပြီး သူ့မိသားစုနောက်ခံအကြောင်း သူ့ကိုဘာလို့ မပြောပြရမှာလဲ?

ဆုနိုသည် စိတ်ထဲမှာ ရှောင်ချင်ပေမယ့်လည်း ရှောင်​နေလို့ မဖြစ်နိုင်။အနှေးနဲ့အမြန်ဆိုသလိုပဲ သူ့ကို အမှန်အတိုင်းပြောပြရမှာပေါ့။ ဟန်းနီးမွန်းကာလကို အကျိုးရှိရှိ ဖြစ်​စေဖို့ ကြိုပြောထားရင် ပိုကောင်းမယ်။ သူ စိတ်ဆိုးသွားရင်တောင် ဆုနိုက သူ့ကို သွေးဆောင်ဖို့ အရှက်မရှိ အ၀တ်ဗလာဖြင့်ပွတ်သပ်ပြီး နေပေးလို့ရနိုင်တယ်လေ။ ဒါကြောင့်မို့လို့ ပြဿနာကို အခြေခံကျကျ ဖြေရှင်းတတ်ရမယ်!

အချိန်၊နေရာ နှင့် လူတွေကအစ သဟဇာတ ဖြစ်နေတယ်! အဲဒါကို မဖြုန်းတီးရဘူး!

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now