"ငါ ကတိပေးပါတယ်!" ဒိုင်အန်းသည် သူ့ရဲ့ညာလက်ကို မြှောက်လိုက်သည်။ "အိပ်တော့"

"ကောင်းသောညပါ။ "ဆုနိုသည် စောင်အောက်ထဲသို့ ပြန်ဆုတ်သွားသော်လည်း ထိုအကြောင်းကို ထပ်စဉ်းစားမိနေတုန်းပင်။ "သူ တကယ်လို့ဆိုရင်....-"

"သူဝင်လာရင် ငါတို့ ခေါင်းမူးသွားတဲ့အထိ တုတ်နဲ့ရိုက်မယ် ပြီးရင် ကြိုးနဲ့ချည်ပြီး ထပ်ရိုက်မယ်။" ဒိုင်အန်းက မြန်မြန်ပြန်ဖြေသည်။

"အမှန်ပဲ!" ဆုနိုသည် အနည်းငယ် စိတ်လျှော့လိုက်သည်။

"ကဲ မျက်လုံးမှိတ်ထားတော့!" ဒိုင်အန်းသည် အလွန် အမိန့်ပေးသော အသံဖြင့် အမိန့်ပေးသည်။

"မင်းသမီးလေး....မင်းက အရမ်းရက်စက်တာပဲ" ဆုနိုက ပြန်အော်သည်။

"အိပ်တော့!" ဒိုင်အန်းသည် မျက်နှာပေါ်တွင် တည်ငြိမ်နေပုံရသော်လည်း အမှန်တကယ်တွင် သူသည် အော်ဟစ်ကာ ဆုနို၏မျက်နှာကို ဆွဲဆိတ်ပစ်လိုက်ချင်သည်။

ဆုနိုသည် နောက်ဆုံးတော့ သူ့မျက်လုံးတွေကိုမှိတ်လိုက်သည်။

ဆယ်မိနစ်လောက်အကြာ....

"မင်း အိပ်ပျော်ပြီလား?" ဒိုင်အန်းက သူ့ကို လက်ဖြင့် ပုတ်နိုးလိုက်သည်။

ဆုနိုက ဟောက်နေဆဲ။ သူ့အလုပ်က နေ့တိုင်း အရမ်းပင်ပန်းရတယ်လေ!

ဒိုင်အန်းက သူထိန်းထားရသည့် အသက်ရှုသံကို စိတ်သက်သာရာရစွာ ချလိုက်ပြီး ကုတင်ဘေးက မီးအိမ်ကို အမှောင်ချလိုက်ပြီးနောက် ကုတင်ပေါ်ကို တက်လိုက်သည်။

ဘုရင်ငယ်လေးကို အိပ်ပျော်သွားအောင် ချော့ပေးရတဲ့ကိစ္စက ရိုးရိုးရှင်းရှင်းဖြစ်ပေမယ့် ပင်ပန်းခက်ခဲပြီး နှိပ်စက်ခံရသလိုပဲ!

ညသန်းခေါင်ယံမှာ နှစ်ယောက်သား စောင်တွေကို ပွေ့ဖက်ရင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားကြသည်။ ကောင်းကင်က မိုးရေစက်လေးတွေ ကြွေကျလာပြီး ကျယ်လောင်တဲ့ မိုးခြိမ်းသံကြောင့် ဆုနိုသည် ဒိုင်အန်းကို ငိုက်မျဉ်းနေရင်း ပွေ့ဖက်မိလိုက်သည်။ "မင်းသမီးလေး!"

"ဘာဖြစ်တာလဲ?" ဒိုင်အန်းသည် အအိပ်စက်သည်​ကြောင့် အခြေခံအားဖြင့် အနည်းငယ်ထိရုံဖြင့် နိုးလာသည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now