"ဘာလို့လဲ?" ဒိုင်အန်း အံ့သြသွားသည်။

"သူက ငါ့ကို ထူးထူးဆန်းဆန်း စိုက်ကြည့်နေလို့!" ဆုနိုပြောသည်မှာ မှန်သည်။လော့လီသည် အချစ်ဝတ္ထုတိုင်းလိုလိုထဲရှိ ဆိုးရွားပြီး ညစ်ညမ်းသည့် မုဒိန်း​ကောင်များကဲ့သို့ သရုပ်ဆောင်ခဲ့သည်။

"သူ မင်းအ​ပေါ်မှာ ရန်​လိုစိတ်​​တွေရှိ​နေတယ်​ထင်​လား?" ဒိုင်အန်းသည် အေးစက်သောလေကို ရှူရှိုက်ရင်း ကုတင်ပေါ်မှ ထိတ်လန့်တကြား ထထိုင်လိုက်ပြီး "အဲဒါကို မင်းထင်ထားလို့ပဲမရဘူး။ မီဒီယာက မင်းကို လိင်တူချစ်သူလို့ ထင်နေတာ။ ချိုးကျီယန်ကလည်း အရမ်းစိတ်ညစ်နေပြီ။ မင်း သူ့ကို ဒီအထဲမှာ ထပ်ထည့်လိုက်ရင် ရှုပ်သွားလိမ့်မယ်။ မင်း gay မဟုတ်ဘူးဆိုတာ ဘယ်လိုရှင်းပြမှာလဲ!"

ဒါပေမယ့် ငါက gay ဖြစ်ပြီး ယောက်ျားတွေကို ကြိုက်တယ်လေ...

ဒါပေမယ့် အဲဒါက အဓိကမဟုတ်ဘူး!

ဆုနို လေးလေးနက်နက်ပြောလိုက်သည်။ "မှန်ပါတယ်။ ငါကတိပေးတယ်"

"ဥပမာ.....?" ဒိုင်အန်းက ဆက်​မေးသည်။ "သူက မင်းကို စိတ်ဝင်စားတယ်ဆိုတဲ့ အထောက်အထားလည်း မရှိဘူးမလား?"

"အလိုလို သိတာ​လေ!" ဆုနိုသည် ဒိုင်အန်း၏လက်ကို ဆုပ်ကိုင်ထားသည်။

ဒိုင်အန်း၏ တင်းမာနေသော အာရုံကြောများ ပြေလျော့သွားသည်။

လော့လီက ဒီအကြောင်းပြချက်ကြောင့် သူ့ကိုကြိုက်နေပြီလို့ သူထင်တာပဲ......

"ဒါဆိုရင် ငါတို့က ဘာလို့ အလှည့်ကျမ​စောင့်ကြည့်ကြမှာလဲ?" ဆုနိုသည် သူ့ကိုယ်သူနဲ့ ဒိုင်အန်းကို တာဝန်ပေးလိုက်သည်။ "ငါက ညရဲ့ ပထမအပိုင်းမှာ အိပ်မယ်။ ပြီးရင် ဒုတိယမှာ စောင့်မယ်။"

"ကောင်းပြီလေ" ဒိုင်အန်းက စိတ်ထက်သန်စွာပြောလိုက်သည်။ "စောစောအိပ်တော့။"

"ဒါဆို 3 နာရီ နှိုးနော်" ဆုနို သူ့ကို သတိပေးလိုက်သည်။
"ကောင်းပြီ" ဒိုင်အန်းက ခေါင်းညိတ်သည်။

"မင်း အဲဒါကို မေ့လို့မရဘူးနော်။" ဘာကြောင့်လဲဆိုတော့ ဒါက ငါ့ရဲ့ အ​ပေါက်က​လေးရဲ့ ဂုဏ်သိက္ခာနဲ့ တစ်ဦးတည်းမူပိုင်ဖြစ်မှုကို ကာကွယ်ပေးရမှာမို့လို့ပဲ!

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Unde poveștirile trăiesc. Descoperă acum