"အစတုန်းက ညဘက်မှာ ရာသီဥတု အ​ခြေအ​နေကောင်းရင် နောက်တစ်ကြိမ် ရှူတင်းပြန်စမယ်။ ဒါဆိုရင် မြို့ထဲကိုပြန်ပြီး ညစာစားဖို့ အချိန်မလောက်တော့ဘူးလေ။ ဒါကြောင့် လျှပ်စစ်အိုးကို တစ်ခါတည်း ဝယ်လာခဲ့တာ!"

“ချစ်ရတဲ့ အိုက်​​ဖေးရယ် ” ဆု​ရှောင်းနိုသည် ချက်ချင်းပင် မျက်ရည်ယို စီးကျသွားသလို ခံစားလိုက်ရပြီး “ဒီဧကရာဇ် ပြန်​ရောက်ရင် အိုက်​ဖေးကို ဧကရီအဖြစ် တင်​မြှော​က်​ပေးမယ်!”

"မစ္စတာဒိုင်အန်း။" ဝန်ထမ်းတစ်​ယောက် ရောက်လာပြီး လာ​မေးသည်။ “မစ္စတာတို့နှစ်ယောက် ဘယ်မှာ စားချင်ပါသလဲ?”

"အခန်းထဲကိုပဲ ပို့ပေးပါ" ဒိုင်အန်းက အိတ်ကို ကိုင်လိုက်ပြီး “နိုနိုက အခု စားချင်စိတ်မရှိသေးလို့ပါ။ ခဏလောက် အနားယူပြီးမှပဲ နောက်မှ စားခိုင်းလိုက်ပါ့မယ်”

ဆု​ရှောင်းနိုသည် အသက်မဲ့သွားသည့်ဟန်ပန်လေးဖြင့် အလွန်သနားစရာကောင်းစွာ ပူးပေါင်းပေးခဲ့သည်။

သူက တကယ်,တကယ့်ကို အားနည်းလွယ်ပုံပင်!

မီးဖိုချောင်မှ ရနံ့များက ပျံ့လွင့်လာတော့ ဆုနို၏ဝမ်းဗိုက်က အသုံစုံမြည်လာသည်။

သူ့ဒေါသတွေ မပေါက်ကွဲခင် ဒိုင်အန်းသည် သူ့ကို အမြန်ပြန်ဆွဲခေါ်လာခဲ့သည်။

နှစ်ယောက်စလုံးက ဗီလာဘေးရှိ အ​ဆောင်ခန်း​လေးမှာ နေကြသည်။ ဒုတိယထပ်ရှိ သေးငယ်တဲ့ ကောင်းကင်အလင်းတန်းသည် အလွန်ချစ်စရာကောင်းပြီး ညဘက်တွင်ပင် ကောင်းကင်ကို မြင်နိုင်သည်။

သို့သော် ဆုနိုသည် ဤအ​ချင်းအရာကို စိတ်မဝင်စားသည်မှာ ထင်ရှားပါသည်။ သူက ဒေါသတကြီး ညည်းညူရင်း "ငါလည်း streamboat ပေါ်မှာ စားချင်တယ်!"

"ရှုတင်ပြီးတာနဲ့ ငါတို့ မြို့ထဲကိုပြန်ကြမယ်လေ" ဒိုင်အန်းသည် သူ့ကို နှစ်သိမ့်ပေးရင်း လျှပ်စစ်အိုးကို ထုတ်လိုက်သည်။

"နာမည်ကြီး streamboat ဆိုင်တိုင်းမှာတစ်လှည့်စီလိုက်စားကြမယ်!မွှေးကြိုင်တဲ့ အစပ်အိုး က​နေ ပင်လယ်စာ အိုးအထိ၊ ခရမ်းချဉ်သီးအိုးကိုတောင် အလဟသမဖြစ်​စေရဘူး!” အရမ်းရူးသွပ်!

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now