"ဟုတ်တယ်။ ဥက္ကဌလော့က သူ့ကုမ္ပဏီက သိပ်မကြာသေးခင်ကမှ အလုပ်မများတာမဟုတ်ပဲ လုပ်စရာအများကြီးကို မရှိနေတာလို့ ပြောတယ်" ဒိုင်အန်းက အမှန်အတိုင်းပြောခဲ့သည်။

"ဘာမှလုပ်စရာမရှိဘူး?" ထိုစကားကိုကြားပြီးနောက် ဆုနိုသည် ချက်ချင်းပင် အတည်​ပေါက်ဖြင့် "ငါ့ကြော်ငြာခကို ပေးပြီးပြီလား?"

“ပေးပြီးပြီ။” ဒိုင်အန်းသည် အနည်းငယ် စိတ်ရှုပ်ထွေးသွားကာ “ဘာလို့ ဒီလိုမေးဖို့ ရုတ်တရတ် တွေးလိုက်ရတာလဲ?”

ဆုနိုသည် စေ့​စေ့​စပ်စပ် တွေး​တောလိုက်သည့်ဟန်
ဖြင့် "အဲဒါကောင်းတယ်။ကုမ္ပဏီက ဘာမှလုပ်စရာမရှိဘူးဆို။ ဒါကိုကြားရုံနဲ့ ကုမ္ပဏီက ဒေဝါလီခံသွားရပုံရတယ်။ ငါတို့က ပိုက်ဆံပြန်ရဖို လိုတယ်​လေ။ မဟုတ်ရင် ငါတို့ ဘာမှမလုပ်ပေးနိုင်ဘူး!”

ဒိုင်အန်း:........

ဗီလာသည် ပြင်ဆင်ဆဲအဆင့်တွင်ရှိနေဆဲဖြစ်သောကြောင့် facilities တွေကို အ​ချောသတ် အပြီးမတည်ဆောက်ရ​သေး​ပေ။ လော့လီက သူ့အတွင်းရေးမှူးကို ညစာစားဖို့ လူတိုင်းအတွက် ရေနွေးငွေ့လှေတစ်စီး စီစဉ်ပေးဖို့ ပြောထားသည်။

"ငါတို့က ဘာစားရမှာလဲ?" ဆုနိုသည် ဒိုင်အန်းကို ထောင့်သို့ ဆွဲခေါ်လိုက်သည်။ ဒါကို သူအရမ်းစိုးရိမ်နေခဲ့တာ!

"ဥက္ကဌ လော့က မင်းအတွက် အထူးအစားအ​သောက်ကိုပြင်ဆင်ပေးထားတယ်"
ဆုနိုသည် ချက်ချင်းသေဆုံးသွားသလို ခံစားလိုက်ရသည်။ "အေးစက်​နေတဲ့ salad တွေပဲလား!"

“ဟုတ်တယ်လေ။” ဒိုင်အန်းက သူ့ကို အချိန်မီ နှစ်သိမ့်ပေးခဲ့သည်။ "ဒါပေမယ့် ငါ အမဲသားဟင်းကို vacuumed packing နဲ့ထုပ်ပြီး ယူလာတယ်၊ အရမ်းစားကောင်းတယ်!"

"အေးစက်စက်ကြီးကို ဘယ်လိုလုပ်ပြီး စားရမလဲ?" ဆုနို ဒေါသတကြီး ပြောလိုက်သည်။

ဒိုင်အန်းသည် တုန်လှုပ်ချောက်ချားစရာ စကားတစ်ခွန်း ပြောလိုက်သည်။ “ငါ လျှပ်စစ်အိုးတစ်လုံးကိုလည်း ယူလာပါတယ်”

ဆုနိုသည် ခဏအကြာထိ အံ့အားသင့်သွားသည်။

သူဆီမှာ ဘာပစ္စည်းမဆို အဆင်သင့်ဖြစ်နေပုံရတယ်!

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now