ရင်းနှီး​နေတဲ့ ကိုယ်​သင်းရနံ့​ကြောင့်​ လူကို
မော့မကြည့်​ဘဲ ဘယ်​သူဘယ်​ဝါဆိုတာမှန်း
သူတန်းသိလိုက်​ပါ၏။

အမျိုးသမီးငယ်​ကို ဖမ်းထိန်း​ပေးထားရုံမက
လက်​​ကောက်​ဝတ်​ကိုပါ ဆွဲထားတာ​ကြောင့်
ထိစပ်​​နေတဲ့လက်​နှစ်​စုံကို ကြည့်​ရင်းနှင့်
နှလုံးသားက တဆစ်​ဆစ်​ကိုက်​​ခဲလာသလိုပင်​။

အသက်​ရှူ မဝ​လောက်​တဲ့အထိ မွန်းကြပ်​​နေ​ပေမဲ့
အမူအရာကိုထိန်းလိုက်​ကာ သူ​တောင်းပန်​စကား
ဆိုလိုက်​သည်​။

"I'm so sorry"

ကောင်​မ​လေးက အသိအမှတ်​ပြုသလို
ခေါင်းညိတ်​ပြလာတာမို့ ထို​နေရာက​နေ
အမြန်​​ပြေးထွက်​လာခဲ့မိသည်​။

အချစ်​ဆိုတဲ့ စိတ္တဇနာမ်​က သိပ်​အားပြင်းလွန်းမှန်း
သိရက်​နှင့်​ ကိုယ့်​ခံစားချက်ေ​တွကို ထိန်းချူ ပ်​ခဲ့မိတဲ့
သူ့ကိုယ်​သူလည်း မုန်းမိသလို သူစိမ်းတစ်​ဦးကို
ကူညီဖို့အတွက်​ သူ့လက်​ကို​တောင်​ ပုတ်​ချခဲ့တဲ့
Hwang Hyunjinကိုလည်း ​ဒေါသထွက်​မိပါ
သည်​။

လှိုက်​တက်​လာတဲ့ ​ဒေါသအစုံကို လည်​​ချောင်းထဲ
ပြန်​မြိုချရင်း ​ခြေလှမ်းတို့ကို အရှိန်​တင်​မိခိုက်
ဆောင့်​ဆွဲခံလိုက်​ရသည့်​ ညာဘက်​လက်​​ကောက်​ဝတ်​နှင့်​အတူ မျက်​နှာချင်းဆိုင်​အ​နေအထားဖြင့်
နီးကပ်​သွားသည့်​ ခန္ဓာကိုယ်​နှစ်​ခု။

"လွှတ်​စမ်း....ငါ့ကို"

ပြောလိုက်​မိခါမှ ပိုမိုတင်းကြပ်​လာ​သော
လက်​နှင့်​အတူ သူ့ခါး​ပေါ်ထိ ​ရောက်​လာသည့်
ထိုလူသား၏​နောက်​လက်​တစ်​ဖက်​။

"ငါ့ကိုလွှတ်​လို့​ပြော​နေတယ်​!"

"မလွှတ်​​ပေးနိုင်​ဘူး!!"

လူပြတ်​သည့်​ ​ကျောင်း​ကော်​ရစ်​ဒါတ​လျှောက်​မှာ
သူတို့နှစ်​​ယောက်​၏​အသံကျယ်​ကျယ်​က ဟိန်းကနဲ
ပေါ်ထွက်​လာသည်​။

"ငါ့အသားကိုမထိနဲ့...အခုလွှတ်​"

ပြောရင်း သူပိုရုန်းလိုက်​​တော့ ခါးထက်​ဆီမှ
လက်​ကပိုမိုတင်းကြပ်​လာပြီး သူ့တစ်​ကိုယ်​လုံးက
Hwang Hyunjinရဲ့ရင်​ခွင်​ကျယ်​ကျယ်​ထဲ
လုံးလုံးလျားလျား နစ်​မြုပ်​သွားရ၏။

Saturday Night(Completed)Where stories live. Discover now