"နေ့လယ်ကကိစ္စအတွက် ကိုယ်တောင်းပန်ပါတယ်...ကိုယ်မင်းကို အတင်းအကြပ်မနမ်းသင့်ဘူး"

ရုတ်တရက်တောင်းပန်စကားဆိုလာသည့်ရှအန်းထျန်းကြောင့် ထန်းဟော်ရှမျက်မှောင်ကြုတ်သွားတော့သည်။ဒီအထက်စီးဆန်ပြီး မောက်မာကာ အကျင့်မကောင်းသည့်လူက ရုတ်တရက်ကြီး ဘာကြောင့် သူ့ကို တောင်းပန်ရတာလဲ၊ ထောင်ချောက်လား၊

ထန်းဟော်ရှ မယုံကြည်တာကြောင့် အနောက်လှည့်ကာ ရှအန်းထျန်းရဲ့အမူအရာကို ကြည့်လိုက်သည်။ရှအန်းထျန်းဟာ တကယ်အပြစ်လုပ်မိတာကြောင့် မျက်နှာငယ်လေးနဲ့ သူ့ကို ကြည့်နေသည်ကို မြင်တော့ သူယုံကြည်သွားတော့သည်၊ပြီးတော့ အဲ့တုန်းကလည်း ရှအန်းထျန်းရဲ့လျှာကို သူကိုက်လိုက်တာကြောင့် သရေ၊သရေလို့ သတ်မှတ်လို့ရတာကိုး၊ဒါကြောင့် ထန်းဟော်ရှက သဘောထားကြီးသည့်ပုံစံဖြင့်

"ရတယ် တောင်းပန်စရာမလိုဘူး" လို့ ပြောလိုက်သည်။ဒါပေမယ့် သူရဲ့အင်္ကျီအောက်ပိုင်းကနေ လျှိုဝင်လာသည့်လက်ကြောင့် သူခါးမတ်သွားကာ သူ့ရဲ့ဝမ်းဗိုက်ပေါ် လှုပ်ရှားနေသည့်လက်ကို သူရဲ့လက်နှစ်ဖက်နဲ့အပေါ်ကနေ ဖိချုပ်လိုက်ပြီး ဒေါသထွက်စွာ အနောက်ကို လှည့်ကာ ရှအန်းထျန်းကို မကျေမနပ်ကြည့်လိုက်တယ်၊

"မင်း ဘာလုပ်တာလဲ!!"

"ကိုယ်တို့ ချစ်သူတွေလေ... ကိုယ့်ချစ်သူအသားကို ထိတာ ဘာဖြစ်လို့လဲ" မသိရင် တားမိတဲ့သူကပဲ အပိုပေါ့၊ဒီလူ တောင်းပန်ထဲက သိသင့်တယ်၊နည်းနည်း​လေး​တောင် မယုံကြည်ရဘူးဆိုတာကို!၊

"ခင်ဗျားကို ကျွန်တော်မသတ်ခင် လွှတ်!"

"ဟင်း... ဘာလို့လဲ ကိုယ်က ဘယ်နားမပြည့်စုံလို့လဲ" သူ့ရဲ့ကိုယ်ကို တဖက်လှည့်ပစ်လိုက်တာကြောင့် အခု သူဟာ ရှအန်းထျန်း​ပေါင်​ပေါ်မှာ ရှအန်းထျန်းနဲ့ မျက်နှာချင်းဆိုင်ဖြစ်သွား​တော့သည်။ဒါ​ကြောင့် ရှအန်းထျန်းရဲ့ဝမ်းနည်းကြေကွဲနေသည့် အမူအရာကြောင့် သူမျက်မှောင်ကြုတ်သွားတော့တယ်၊

"မင်းက ရုပ်ဆိုးတယ်!" ထန်းဟော်ရှ ပါးစပ်ထဲတွေ့ရာ ကောက်ပြောလိုက်ခြင်းဖြစ်သည်။ရှအန်းထျန်းက ဘယ်လိုလုပ်ရုပ်ဆိုးမှာလဲ၊ဒါကြောင့် ရှအန်းထျန်းသာ အဲ့စကားကြားရင် ထရယ်မှာသေချာလောက်သည်။

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားTahanan ng mga kuwento. Tumuklas ngayon