ချစ်ရပါသော ဝဲဂယက်ငယ်

663 48 5
                                        

Unicode Version

"ဟေ့..အရှေ့ကကောင်လေး..။ ရှေ့နောက်ကြည့်ပြီး သွားလေ။ ဒီမှာ ငြိကုန်ပြီကွ"

မိုးရွာတော့မှာမို့ စျေးထဲကစျေးဝယ်တွေအားလုံး အလျင်လိုနေကြတာသိပေမယ့် အဲ့ဒီကောင်လေးကတော့ ပျာယာခတ်တဲ့ အဆင့်ကို ရောက်နေတယ်။ လက်ထဲမှာလည်း ထီးကြီးတကားကားနဲ့ သူ့အရှေ့က သွားနေတာကြောင့် သူ့ခမျာ ဘယ်အချိန် ထီးရိုးနဲ့ ဝင်ဆောင့်မိမလဲလို့ စိုးရိမ်နေရတာက တစ်မျိုး..။

အခုလည်း သူကိုင်ထားတဲ့လက်ဆွဲအိတ်လေးကို ထီးလက်ကိုင်ရိုးနဲ့ ချိတ်ဆွဲသွားတာမို့ သူ့မှာ အနောက်ကအပြေးလိုက်ရင်း သတိပေးလိုက်တော့ ရှပ်ပြာပြာနိုင်တဲ့ကောင်လေးက အနောက်ကို ဆတ်ခနဲလှည့်လာတယ်။

"အာ... ဒီလိုငြိနေရင် ဒီလိုလေးဆွဲဖြုတ်လိုက်လို့ရတာပဲကိုဗျာ"

စိတ်မရှည်တဲ့လေသံနဲ့ သူ့ကိုပါ ဆုံးမချင်နေပုံပေါက်တဲ့ ကောင်လေးကြောင့် သူ့မှာ ရယ်ရအခက်၊ ငိုရအခက်။ သူပြောတာတော့ လွယ်တာပေါ့။ ဒီလူမှာတော့ ဒုံးပျံတပ်ပြီး လမ်းလျှောက်နေသလားတောင် ထင်ရတဲ့ သူ့အနောက်က မနည်းကို ပြေးလိုက်ခဲ့ရတာလေ။

"သြော်..ဒီတော့ ကိုယ်မှားတာပေါ့"

သူက ရွဲ့တဲ့တဲ့မေးလိုက်တော့ ကောင်လေးက စိတ်ရှုပ်နေတဲ့ကြားက ခပ်ယဲ့ယဲ့လေး ပြုံးရှာတယ်။ အဲ့ဒီအခါမှ မြင်လိုက်ရတာက ကောင်လေးရဲ့ ပါးပြင်ထက်မှာ ပါးချိုင့်မဟုတ်တဲ့ အချိုင့်လေးနှစ်ခု။ နောက်တစ်မျိုး အမည်တပ်ရရင် သူ့ရဲ့စိတ်အာရုံတစ်ခုလုံးကို စုပ်ယူပစ်နိုင်စွမ်းရှိတဲ့ ဝဲဂယက်ငယ်လေး..။

"အဲ့လို ကိုယ့်အမှားကိုသိတော့ ကောင်းတာပေါ့"

တခစ်ခစ်ရယ်ရင်း သူရွဲ့ပြောတာကို ပြန်စနောက်နေတဲ့ကောင်လေးကို သူ့မှာတော့ အသည်းတယားယား။ ပထမဆုံးတွေ့ဆုံခြင်းမှာတင် ကိုယ်စိတ်အလုံးစုံ သိမ်းယူသွားတဲ့ ကောင်ငယ်လေး...။

သွားရမယ့်လမ်းကတစ်ကြောင်းတည်းမို့ စျေးထဲကထွက်တဲ့အထိ ဦးတည်ရာတူနေတာကြောင့် သူလည်း မနေနိုင်ဘဲ ထုတ်မေးမိတော့ ကောင်လေးက သူတို့ရပ်ကွက်ထဲကို မနေ့တစ်နေ့ကမှ ပြောင်းလာတဲ့လူသစ်လေး ဖြစ်နေတယ်။

My AdorationStories to obsess over. Discover now