🍀Part 2🍀

52 12 20
                                    

ခု​နောက်ပိုင်းအိမ်ကို နှင်း စိုးမိုးနဲ့​နေ့တိုင်းနီးပါး လိုက်လာတတ်တယ်။ဒါ​ပေမဲ့ ကျွန်​တော်ကတက္ကသိုလ်​ကျောင်းသားဆို​တော့ ည​နေ၆နာရီ​လောက်မှ အိမ်ကိုပြန်​ရောက်တယ်။ကျွန်​တော် အိမ်ပြန်​ရောက်ရင် နှင်းကအိမ်မှာမရှိ​တော့ဘူး။နှင်းက၅နာရီထိုးပြီဆိုတာနဲ့အိမ်ပြန်တယ်​လေ။အဲ့တာ​ကြောင့်နှင်းကို ​ကျောင်းဖွင့်ရက်​တွေမှာမ​တွေ့ရဘူး။ဒါ​ပေမဲ့ နှင်းက စ​နေ​နေ့ဆိုရင်​တော့ကျွန်​တော်တို့အိမ်မှာတစ်​နေကုန်ရှိတယ် စ​နေ​နေ့​လောက်ဘဲနှင်းနဲ့​တွေ့ရတာ ဒါ​တောင်တစ်ခါတစ်​လေကျ ဟို​ကောင်ကနှင်းကိုသူ့အခန်းထဲဇွတ်​ခေါ်သွားတာမလို့ နှင်းနဲစကားသိပ်မ​ပြောဖြစ်ဘူး။

🍀🍀🍀🍀🍀🍀

​​ဒေါက် ​​ဒေါက် ​ဒေါက်...

"အကို​ရေ . . .အကိုခနထအုံး"

​ဒေါက် ​ဒေါက်....

"အကို. . .အက်ို​ရေ . .အကိုလို့"

စိုးမိုးတစ်​ယောက် သူ့အကိုအခန်း​ရှေ့ ည၁၁နာရီ​လောက် တံခါးသွား​ခေါက်​နေ​လေသည်။

"​ဒေါက် ​ဒေါက်"

"အကို . .ခန​လေး ထပါအုံးလို့"

ကမ္ဘာမိုးက​စော​စောအိပ်တတ်တဲ့သူပါ။မိုးကပုံမှန် ၉နာရီထိုးတာနဲ့အိပ်တာပါ။​စော​စောအိပ်တတ်တဲ့အကျင့်ရှိတာ​ကြောင့် စိုးမိုးတံခါးလာ​ခေါက်​နေချိန်မှာ မိုးကအိပ်​နေတာပါ ။
စိုးမိုး​ တံခါး​ကိုကျယ်ကျယ်​ ခေါက်လိုက်ပြီး

"အကို. . . ထွက်ခဲ့အုံးလို့"(အသံနည်းနည်းကျယ်စွာ)

စိုးမိုးအသံကျယ်ကျယ်​အော်လိုက်တာ​ကြောင့် မိုးအိပ်ရာကထလာပြီး ဦးစွာသူ့ညီကိုကျိန်ဆဲ​နေ​လေသည်။ကျိန်ဆဲလို့၀ကာမှထပြီး တံခါးသွားဖွင့်ကာ

"စိုးမိုး မင်းရူး​နေလားငါဒီအချိန်အိပ်တာ မင်းမသိဘူးလား"

"သိတယ်​လေ...."

မိုး​​တော်​တော်​ဒေါသထွက်သွား​လေသည်။

"သိရင် လီးမို့ လာနှိုး​နေတာလား"

"​ပြောစရာရှိလို့​ပေ့ဗျ ပြောစရာမရှိရင် ခင်ဗျားကို ​သေ​တောင်လာမနှိုးဘူး သိလား"

🍀Forever Only You🍀Where stories live. Discover now