"တယ် ဒီကလေးမ ဘာစကားပြောတာလဲ... အိမ်ထဲမှာ သခင်မကြီးရှိတယ်မှလား လာ.. သွားမယ်..."

မေကြီးက မမထွေးငယ်ကို လက်ဆွဲခေါ်လို့ စံအိမ်ရှိရာသို့ပြန်ဝင်သွားလေသည်။ သျှမ့်မှာလည်း မမထွေးငယ်ရဲ့ စကားကြောင့် အ့ံဩမှုတို့သာ ကြီးစိုးလျှက်...

အိမ်ထဲရောက်တော့ ဖြစ်ကြောင်းကုန်စင်ပြောပြလာသော သခင်မကြီးနဲ့ ထွေးငယ်တို့ရဲ့စကားကြောင့် မေကြီးမှာ မျက်နှာပျက်ယွင်းလျှက်...

"ကောင်ပါပြီ..ဒါဆိုလည်း အထွေးကို ပြန်ခေါ်သွားလိုက်ပါ့မယ်ရှင့်..."

ဒေါ်ဆန်းတင်မှာ ဒေါသမထွက်ပေမဲ့လည်း စိတ်ဆိုးမိတာတော့အမှန်ပင်.. သမီးဖြစ်သူရဲ့ ဆန္ဒကလည်း ပါနေသည်ကြောင့် ဘာမှသာ မပြောတော့ဘဲ အိမ်ပြန်ဖို့သာပြင်တော့သည်။

"ကဲ့အာ့ဆိုလည်း ပြန်ကြရောပေါ့ မကြာခင် နေမြင့်လာတော့မယ်..."

"မေကြီးရယ် အခုတောင် သားတော်တော်ပူနေပြီ.."ဟု အကျႌကို လည်ပင်ပေါက်ဝမှ ခါပြခါ သခင်မကြီးဆိုသူကို မျက်စောင်းထိုးပစ်လိုက်သည်။ ဒေါ်နန်းထိပ်ထားမှာတော့ တဆွေ့ဆွေ့ခုန်လို့ ကျန်ရစ်ခဲ့တော့သည်။

.......

"ဗိုက်ဆာတယ် မြန်မြန် မြန်မြန်..."

"မမကြီး အိမ်ရောက်ရင် မုန့်လက်ဆောင်းလေး လုပ်တိုက်ပါ့မယ်..နော်.."

"မြင့်ရီ နင့်မောင် ဘုန်းကြီးကျောင်းမှာကြွေးတဲ့ မုန့်လုံးရေပေါ်တွေ မုန့်ကြာစိတွေ စားလုံ့ ဗိုက်က ရှေ့တစ်ဒေါင်ထွက်နေပြီ.."

"မေမေကြီးကလည်း..."

"စားပါစေ မေမေကြီးရယ် မောင်ငယ်လေးက စားနိုင်တုန်း စားရတာလေ.."ဟု မမငယ်ကပါ ဝင်ပြောတော့ မေမေက မျက်စောင်းထိုးသည်။

သျှမ်ကတော့ ထိုစံအိမ်ကြီးအား မျက်လုံးလေးဝှေ့ခါ တစ်ချက်ကြည့်မိလေသည်... နှုတ်ခမ်းတို့၌လည်း အပြုံးလေးတစ်ခုအားဖန်တီးထားလျှက်....

"ဦးတည်ရေ...ကျွန်တော်ချစ်တာ သိထားပေးပါ..."

တိတ်တိတ်ကလေး ရေရွတ်လိုက်သော သျှမ့်အား မမငယ်က ပုခုံးပုတ်သည်..။

Reborn  In  1900. S1. {Complete}Where stories live. Discover now