❤️ဝီစကီ❤️

Start from the beginning
                                    

အပေါ်အောက် အနက်ရောင် အဆင်အပြင်များဖြင့်
မတိုမရှည်ဆံပင်လေးများသည်ပုံသေချာချထားကာ
သူ့နေရာနဲ့သူသပ်ရပ်နေလျှက်.....။

"မျက်နှာဖုံးချွတ်လိုက်ပါ......"

သေနတ်တွေနဲ့ တစ်ယောက်နဲ့အများဝိုင်းချိန်ထား
ကြကာ ပြေးပေါက်ကိုခေါင်းထဲတွင်
အကြိမ်ကြိမ်တွက်ချက်နေကာ မျက်လုံးတွေသည်
မျက်နှာဖုံးအောက်တွင်ကစားနေသည်။
ဘယ်လိုမှကို မလွယ်သည့်အဖြစ်.....။

"မင်းပြုမူခဲ့တဲ့အမှုတွေအတွက်လည်းအသာတကြည်
အဖမ်းခံပါ......"

အော်သာရီပြလိုက်ချင်သည်။အခါတစ်ရာဖမ်းလည်း
မမိ တစ်ထောင်ဖမ်းလည်းမမိခဲ့ဘဲနဲ့
အပိုစကားတွေကအထာလုပ်ပြောကြသေးသည်။
အရင်အခြေအနေများထက်အနည်းငယ်ခက်ခဲလို့
သာခြေထောက်တွေက ဘယ်လိုစရွေ့ရမလဲ
သေချာတွက်ချက်နေရတာ ဖမ်းမိဖို့ဆိုတာ
သူတို့ ရဲ ဆယ်ဘဝ ဆိုက်တိုက်လုပ်တောင်မရနိုင်ပါ....။

"လိုရမယ်ရ....အိမ်ကိုဗုံးထောင်ထားခဲ့တယ်
ငါလွတ်သွားရင်တော့ အိမ်လည်းလွတ်နိုင်ပေမယ့်
ခုငါ့ကို နှောက်ယှက်ပေးလာတော့ ခလုတ်လေး
တစ်ချက်နှိပ်လိုက်ရုံပဲ....မင်းတို့ခြေလှမ်းတွေ
ငါ့ဆီတစ်လှမ်းပဲ တိုးခဲ့ ဒီနေရာပြာပဲ......"

အားလုံးဘရိတ်အုပ်ကုန်ကြသည်။မဖြစ်နိုင်တာကို
ပြောနေတာမဟုတ်မှန်းသူတို့သေချာသိပါသည်။

"အထဲမှာ အပြစ်မဲ့မိသားစုတွေ....မင်း
အကြင်နာတရားမဲ့လိုက်တာ..."

"သူခိုး ကို ကြင်နာခိုင်းနေတယ် ၂၁ရာစုရဲ့
ရဲသား တွေက သိပ်နှလုံးသားလှကြတာပဲ
တော်တယ် Brotherတို့......"

"အထုတ်ကို ချပြီး လက်မြှောက်ထား.....!!!"

"ငါ့ကို လာအမိန့်မပေးနဲ့ သတ္တိရှိရင် အနားလာကပ်
ဖမ်းလေ...."

အဲ့ဒီလောက်လည်းမလွယ်ပါ....။ပင်လယ်လိုဗျူဟာ
တွေနဲ့ဒီသူခိုးလေးကို အနားကပ်ပြီးလည်းဖမ်းဖို့
ကြိုးစားခဲ့ဖူးပါသည်။ဘယ်ကဘယ်လိုပေါ်လာမှန်း
မသိတဲ့တုံ့ပြန်မှုအမျိုးမျိုးတွေနဲ့ ဗရမ်းဗဒါဖြစ်ပြီး
နည်းနည်းလေး ဟ သွားတာနဲ့ လှစ်ခနဲ အရိပ်လို
ပြေးသွားခြင်းတွင် ဘယ်လိုမှမဖမ်းမိနိုင်ခဲ့ကြပြန်။

🤍Oneshot🤍Where stories live. Discover now