🍀Part 1🍀

Magsimula sa umpisa
                                    

"အာ့ဆိုထိုင်မယ်."

​ တော်​တော်လက်​ပေါက်ကတ်တဲ့​ကောင် အဲ့တာ​ကြောင့်မလို့ငါကလွဲပြီးသူ့မှာသူငယ်ချင်းမရှိတာ။

"စိုးမိုး."

​"​အေး..​ပြော.."

"သူကဘယ်သူလဲ..."

"​အော် ​မေ့​နေတာ သူကင့အကို​လေ.မိတ်ဆက်​ပေးမယ်..အကိုသူက​'ကောင်းစက်နှင်း'တဲ့ညီ​လေးနဲ့အတန်းတူတူဘဲ..စာအတူတူလုပ်ရ​အောင်​ခေါ်လာတာ..'နှင်း'သူက ငါ့အကို'ကမ္ဘာမိုး'တဲ့တက္ကသိုလ်ပထမနှစ်​ရောက်​နေပြီ"

"ဟုတ်အကို ကျွန်​တော်က​ကောင်းစက်နှင်းပါ ကျွန်​တော့ကို'နှင်း'လို့​ခေါ်လို့ရပါတယ်"

"အင်း..နှင်း(တန်း​ခေါ်တာပဲ သူကလည်း😏)ကိုယ့်ကို အကိုမိုးလို့​ခေါ်လိုရပါတယ် နှင်း"

"ဟုတ်ကဲ့ အကိုမိုး"

"ဒါနဲ့နှင်းက ​တော်​တော်အသားဖြူတာပဲ"

"ဟုတ်တယ် အကိုရဲ့နှင်းက ​တော်​တော်အသားဖြူတာ အသားတင်ဖြူရုံတင်မဟုတ်ဘူး ကြိုက်တဲ့​ကောင်မ​လေး​တေက​တောင်လိုပုံ​နေတာဘဲ"

"​ဟေ့​ရောင် စိုးမိုး မင်းကလည်း..ငါစွံတာငါသိပါတယ်ဟ"

"​အေးပါကွာ.. မင်းကလည်း"

စိုးမိုးနဲ့​ကောင်းစက်နှင်းတို့နှစ်​ယောက်အကိုမိုးနဲ့စကား​​ပြောပြီး စာလုပ်​တော့မယ်ဆိုပြီး အိမ်​ပေါ်သို့နှစ်​ယောက်သားတက်သွား​လေသည်။
နှင်းက​တော် ​တော် ​ချောတာပဲ မျက်နှာ​လေးကလည်း ချစ်စရာ​လေး​။အယ်...အယ် ငါဘာ​တေ​တွေး​နေတာလဲ😖​ယောကျ်ား​လေးတစ်​ယောက်ကို...တော်ပြီ ​တော်ပြီ ကမ္ဘာမိုးဆက်မ​တွေးနဲ့​တော့... အခန်းထဲ၀င်ပြီးစာဖတ်​တော့မယ်။ကမ္ဘာမိုးအိမ်​ပေါ်တက်လာပြီး သူ့ အခန်းထဲ၀င်ခါနီး မ၀င်​တော့ဘဲ သူ့ညီအခန်းထဲ
ဆူညံသံ​တေကြားလို့ သွားကြည့်လိုက်​လေသည်။စိုးမိုး အခန်းထဲကိုကမ္ဘာမိုး၀င်ကြည့်​လိုက်တော့ စာလုပ်​တော့မယ်ဆိုပြီးတက်သွားတဲ့နှစ်​ယောက် ဂိမ်းနှိပ်နေကြ​လေ​သည်။

🍀Forever Only You🍀Tahanan ng mga kuwento. Tumuklas ngayon