အပိုင်း ၄၄

Start from the beginning
                                    

ဒီတစ်ခါတွင် ရှောင်ဟန်၏ စိတ်ထဲသို့ ဝင်ရောက်ထင်ဟပ်လာခဲ့သည့်ပုံရိပ်တို့သည်က အရင်အခါက ထင်ဟပ်လာခဲ့သည့် မဖွယ်မရာ ပြုလုပ်ကြသည့် အတိတ်ပုံရိပ်တို့ မဟုတ်ပေ။
ယခု ပုံရိပ်များသည်ကရိုးရိုးရှင်းရှင်းအတိတ်ပုံရိပ်များသာ။

လွင့်မျော ရွက်လွင့်နေသည့် ရှောင်ဟန်စိတ်အစဉ်အတွင်းသို့ အရောင်အသွေးစုံလင်လှသည့် လောက သဘာဝအလှတရားပုံရိပ်တို့သည် ရွေ့လျားနေသည့်
ရုပ်ပြပိတ်ကားများအလား၊ ရုပ်ရှင်တစ်ကားကို ကြည့်ရှု့နေရသည့်အလား စတင်ထင်ဟပ်လာခဲ့လေပြီ။

တိတ်ကျနေသည့် အကြားအာရုံတွင်လည်း လူအချင်းချင်း တီးတိုးစကားပြောဆိုသံ၊ အဝေးမှ တစ်စုံတစ်ယောက်ကို လှမ်းအော်ခေါ်သံ၊ အပြေးလျောက်လှမ်းနေသည့်ခြေသံများနဲ့အတူ ကျေး
ငှက်တို့၏ တေးသီကြူးသံနဲ့ စက်ယတ္တရား လည်ပတ်သံ ခပ်သည်းသည်းတို့သည်က ထင်ဟပ်ကြားယောင်လာခဲ့ရသည်။

၎င်းအသံအလုံးစုံတို့သည်ကား ရုပ်ပြကဲ့သို့ထင်ဟပ်လာခဲ့သည့်အတိတ်ဘဝပုံရိပ်တို့၏ နောက်ခံတေးများအလားပင်...

ယခု ထင်ဟပ်လာခဲ့သည့် အတိတ်ဘဝပုံရိပ်တို့သည်... ဆေးရုံကြီးတစ်ခုတွင်ဖြစ်ပြီး
ထိုဆေးရုံ၏ လမ်းသွားလမ်းလာရှင်းသည့် လျောက်လမ်းတစ်ခုတွင်ဖြစ်သည်။

ရှပ်!... ရှပ်!...ရှပ်!...(ခပ်မြန်မြန်လျောက်လှမ်းသံ)

ဘုတ်!

"အင့်! "

ဂျလွတ်! (ဖန်စ ကွဲကြေသံ)

"ကျစ်! "

ခန္ဓာကိုယ်ချင်း အရှိန်နဲ့ တိုက်မိသွားတာကြောင့် လျှို့ရှောင်ဟန်၏ 'အင့်'ခနဲ ညည်းညူသံနှင့်အတူ တစ်ဖက်ထံမှ စိတ်မရှည်သည့်ဟန်ဖြင့် 'ကျစ်'စုပ်သံ ခပ်သည်းသည်းက ထပ်ဆင့် ထွက်ပေါ်လာခဲ့သည်။

လျို့ရှောင်ဟန်က သူနဲ့ တိုက်မိသည့်သူက မည်သူမည်ဝါမှန်း အကဲခတ် ကြည့်ဖို့ကိုတောင် အချိန်မပေးနိုင်တော့ဘဲ လျောက်လမ်းမျက်နှာပြင်အထက်တွင်
တစစီကွဲကြေသွားသည့် သူ၏မျက်မှန်ကိုသာ ကောက်ယူဖို့ ဒူးဆစ်ခေါက်ကွေးကာ ထိုင်ချလိုက်တော့သည်။
သူ့မျက်ဝန်းတွေကို မှေးစဉ်းပြီး သေချာကြည့်ယူလိုက်တော့ သူတိုက်မိလိုက်သည့်လူ၏ ခြေထောက်အောက်တွင် တစ်စွန်းတစထွက်နေသည့် မျက်မှန်ကိုင်းကို မြင်တွေ့လိုက်ရသည်။

Love of an idoit  အရူးတစ်ယောက်ရဲ့အချစ် [Ongoing]Where stories live. Discover now