မဟားတရား ရန်လိုတတ်တယ်!လုံးဝ ယောက်ျားဆန်ချက်!

“ကိုယ့်နာမည်က လော့လီပါ။ တစ်ခုခု အဆင်မ​ပြေတာရှိရင် အချိန်မရွေး ဖုန်းဆက်လို့ရပါတယ်။" အမာရွတ်ဖြင့်လူသည် သူ့ဒေါသကို စိတ်မ၀င်စားပေ။

"မင်းနာမည်က လော့လီလား???!!!!" ဖာ့ခ်?? ဆုနိုသည်  ဒီနာမည်က တကယ်ကို ထူးဆန်းတယ်လွန်းလို့ အံ့သြသွားသည်။ သူ့အဖေရင်းနဲ့အမေရင်းတောင်မှ ဖြစ်နိုင်ရဲ့လား!

အရပ်ရှည်ရှည် သန်မာလွန်းတဲ့ ဒီကောင်ကို လော့လီ လို့ ခေါ်တယ်!!! ဟား ဟား ဟား ဟား !!!!!! ဒါက ရယ်စရာတော့ မဟုတ်ပါဘူး!၊ ဒါရိုက်တာရယ်၊ အစ်ကိုကြီးနဲ့ ဒိုင်အန်းတို့ကို ပြန်ပြောပြရမယ်!

"မင်းနာမည်ကရော?" အမာရွတ်ဖြင့်လူက မေးခွန်းတွေ ဆက်မေးသည်။

ဆုနိုသည် လီဗာ ပေါ်တင်လိုက်ပြီး “ငါ့နာမည်က မာလီဆု "
အမာရွတ်ဖြင့်လူသည် မည်ကိုမျှမတုံ့ပြန်ပေ။

အနီရောင်ပြိုင်ကားလေးသည် လမ်းမပေါ်သို့ ပြေးတက်လာကာ လော့လီဟုခေါ်သော အမာရွတ်ဖြင့်လူကို ဖုန်မှုန့်ထဲတွင် ထားခဲ့သည်။

"မင်းသမီးလေး!"ဆုနိုသည် သူ့အိမ်သို့ ကားပြန်မောင်းလာပြီး ဒိုင်အန်းသည် မီးဖိုချောင်တွင် အလုပ်ရှုပ်စွာ ချက်ပြုတ်နေသည်။

"လက်ဆေးပြီး ထမင်းစားဖို့ လုပ်​တော့”

“အိုး” ဆုနိုသည် မီးဖိုချောင်တံခါးရှေ့မှာရပ်ပြီး “မင်းသမီးလေး၊ ငါ့ကိုကြည့်”

ဒိုင်အန်းသည် ကဏန်းတွေကို ပန်းကန်ထဲ ထည့်ရင်းဖြင့်အလုပ်များနေသည်။

"မင်းသမီးလေး!" ဆုနိုက အရှုံးမပေး။

ဒိုင်အန်း လှည့်ကြည့်ပြီး “ဘာကြည့်စရာရှိလို့လဲ—အား!” သူ ဘာလို့ ဖုန်လူး​ထားသလို ဖြစ်​နေရတာလဲ?

"မင်းသမီးလေး!" ဆုနိုသည် သူ့ကို ဝမ်းနည်းနေတဲ့ မျက်လုံးတွေဖြင့် ကြည့်ပြီး "ကိုယ်​တော် ဒဏ်ရာရသွားပြီ!"

"ဘာဖြစ်သွားတာလဲ?" ဒိုင်အန်းသည် သူ့ဆီသို့ အမြန်ချဉ်းကပ်ပြီး “မင်း တစ်ယောက်ယောက်နဲ့ ရန်ဖြစ်လာတာလား?”

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now