True Love
ဇွန်လ( ၁) ရက်သည့်ကျောင်းများပြန်ဖွင့်သောလဖြစ်သည်။ မြင်းခြံမြို့အစိုးရအထက်တန်းကျောင်းများအပါအဝင်ကိုယ်ပိုင်အထက်အတန်းကျောင်းများလည်းပါသည်။အစိုးရကျောင်းများအနက်အ.ထ.က(2)ကျောင်းသည့်သာမန်လူတန်းစားတွေတက်နိုင်သည့်ကျောင်းဖြစ်သည်။ ထိုကျောင်းသည့်မြို့၏အရှေ့ဘက်တွေတည်ထားတာကြောင့်အရှေ့ကျောင်းလို့ခေါ်ဆိုသည်။ကျောင်းအဆောက်အအုံးပုံစံများသည့် တစ်မျိုးထူးဆန်းနေသည့်အကြောင်းကား ရှေးယခင်ကလက်ရာများဖြင့်တည်ဆောက်ထားသောကြောင့်ဖြစ်သည်။ ' E ' ပုံစံအဓိကကျောင်းဆောင်ကိုအလယ်တည့်တည့်မှာရှိသည်။ မိန်းအဆောင်မှာနှစ်ထပ်ပုံစံဖြစ်သည်။ အပေါ်ထပ်မှာပန်းချီ၊ကွန်ပြူတာ၊အိမ်တွင်းလက်မှုခန်၊ကျောင်းအုပ်ရုံခန်းစသည့်တို့ရှိပြီး အောက်ထပ်မှာ ကိုးတန်း၊ဆယ်တန်းအဆောင်များရှိသည်။ ဘေးပတ်လည်မှာကျန်ကျောင်းဆောင်များအရပ်မျက်နှာအသီးသီးမှာရှိကြ၏။ မိန်းအဆောင်၏မျက်နှာချင်းဆိုင်မှာမြေကွက်လပ်ရှိသည်။ ထိုနေရာသည့် ASSEMBLY ဖြစ်သည်။ ကျောင်းဝန်းထဲမှာလည်းသန့်ရှင်းရေးလုပ်နေသည့်ကျောင်းသားတစ်ချို့လည်းရှိသည်။ ခဏကြာသောအခါ အဖြူအစိမ်းဝတ်ဆင်ထားသည့်ကျောင်းသူ၊ကျောင်းသားများပြေးဝင်လာကြသည်။ တစ်ချို့ကသူငယ်ချင်းတွေကိုရပ်စောင့်နေပြီး တစ်ချို့ကဂိတ်စောင့်ဆရာမတွေကို နှုတ်ဆက်နေသည်။ ရာသီဥတုက သာယာပြီး နေလို့ကောင်းသောကြောင့် ကျောင်းသူ၊ကျောင်းသားများစိတ်သစ်လူသစ်ဖြစ်နေကြသည်။ အသီးအသီးဝင်သွားကြပေမဲ့ ကောင်လေးတစ်ယောက်ကတော့ဖြေးဖြေးချင်းလာပြီး ကျောင်းအရှေ့မုဒ်အနားမှာရပ်လိုက်သည်။ လူရှင်းသလောက်ရှိတဲ့အထိရပ်စောင့်နေပြီးခဏကြာတော့ ရွယ်တူကောင်လေးတစ်ယောက်ရောက်လာသည်။ထိုကောင်လေးနာမည်ကလွမ်း။
” စောင့်နေတာကြာနေပြီလား ”
အနားရောက်လာတာနှင့်တပြိုင်နက်မျက်နှာပေါ်ကအပြုံးလေးနှင့်အတူမေးလိုက်သည်။
” မကြာသေးပါဘူး..”
လွမ်းဆိုတဲ့ကောင်လေးမျက်နှာကိုကြည့်ပြီးပြန်ပြောလိုက်သည်။ လွမ်းမျက်နှာပေါ်ကအပြုံးကလူကိုစွဲဆောင်နေပြီး သက်ဝင်ပန်ချီးကားတစ်ချပ်လို့ဘဲ။ စိတ်လိုအားရပြုံးနေတာကြောင့်ကျွန်တော်ဆီလည်းအပြုံးတွေကူးဆက်လာသည်။မတွေ့တာကြာလှပြီးဖြစ်တဲ့ကျွန်တော်တို့နှစ်ယောက်အကြာကြီးရပ်ကြည့်နေကြသည်။ လတွေဘယ်လောက်ကြာကြာ ကျွန်တော် ကပြောင်းလဲသွားပေမဲ့ လွမ်းက မပြောင်းလဲသွားပေ။ အသားဖြူဖြူ၊မျက်အိမ်ကျဥ်းကျဥ်း၊အရပ်၅ပေ၈လက်မ၊ခန္ဓာကိုယ်ကနဂိုအတိုင်းဘဲ။
