သူဟာနှုတ်ခမ်းဖျားတွေကိုတွန့်ချိုးကာ အပြုံးတစ်ခု ဖြစ်ပေါ်လာစေချင်သော်လည်းမအောင်မြင်လိုက်ပေ။
"မင်းဘာလို့ ရုတ်တရက်ကြီး ငါ့အပေါ်ပြန်စိတ်ဝင်စားနေရတာလဲဆိုတာ ငါမသိဘူး"

ကျီးဝမ့်အေးဆေးစွာပြောလိုက်သည်:" ငါကမင်းကိုငြင်းလေ မင်းကပိုရှေ့ဆက်တိုးလေဖြစ်နေမှာ။ ဒါမှမဟုတ် ငါမင်းနဲ့တစ်‌ညလောက်အိပ်(Sex)ပေးလိုက်ရင် ငါ့ဘေးနားကနေမင်းထွက်သွားပေးမလား?"

မကြာခင်မှာ သူအောင်မြင်လိုက်ပြီဆိုတာသိလိုက်သည်။ သူ့စကားတွေက ချီပေါ်ယန်အပေါ်သက်ရောက်မှုရှိပုံရသည်။ တစ်ဖက်လူရဲ့လက်များက သူ့ခန္ဓာကိုယ်ပေါ်မှ လုံးဝဖယ်ခွာသွား‌တော့သည်။ 

ချီပေါ်ယန်က ဘာကြောင့်များသူ့လိုလူမျိုးနဲ့အိပ်ဖို့အတွက်နဲ့ အရိုက်ခံ အပြောခံ မြင်းတစ်ကောင်လိုဆက်ဆံခံရနေရတာလဲ။

ချီပေါ်ယန်သည် ဆက်ပြီးစိတ်မအေးနိုင်တော့ပေ။ သူဟာခေါင်းမာစွာဖြင့် ကျီးဝမ့်၏လက်မောင်းများကိုဆုတ်ကိုင်ကာ အနောက်သို့လှည့်ပစ်လိုက်သည်:"ကိုကို တကယ်ပြောနေတာလား?"

ကျီးဝမ့်က ဘာမှမပြောပေ။ ချီပေါ်ယန်ကဆက်ပြောသည်;"ကျွန်တော်နဲ့တစ်ညအိပ်ပြီးရင်...."

"ငါတို့မတွေ့ခဲ့သလိုနေကြမယ်" ကျီးဝမ့်ကချီပေါ်ယန်ရဲ့စကားများကိုဖြတ်ပြောကာ အပေးအယူအား ညှိနှိုင်းလိုက်သည်။

သူရူးနေတာပဲဖြစ်ရမည်။ စိတ်တွေကအမူးမပြေသေးပေ။ သူက အရက်ရှိန်ကြောင့် စိတ်တွေထွေနေရပြီး အခုချီပေါ်ယန်သည် အရင်ကချီပေါ်ယန်ထက်ပိုအန္တရာယ်ရှိလှသည်။

ချီပေါ်ယန်ရဲ့ခန္ဓာကိုယ်က ဓားတစ်လက်လို ထက်ရှနေသည်။ နောက်ဆုံးတော့ သူက ကောက်ချက်ချလိုက်သည် "ကိုကိုမူးနေပြီ"

ချီပေါ်ယန်က ခေါင်းစဉ်ပြောင်းလိုက်လိမ့်မည်ဟု ကျီးဝမ့်မထင်မှတ်ထားခဲ့ပေ။ ချီပေါ်ယန်ကသူ့အား ဒေါသတကြီးတစ်ယောက်ထဲထားခဲ့လိမ့်မည် ဒါမှမဟုတ် အိမ်သာအကန့်တစ်ခုဆီကိုသူ့ကိုဆွဲခေါ်သွားကာ အိပ်(Sex)ပြစ်လိုက်မည်ဟုထင်ခဲ့သည်။

ချီပေါ်ယန်၏လက်များက ကျီးဝမ့်၏မျက်နှာကိုထိတွေ့လာသည်။ သူ(ချီပေါ်ယန်)၏မျက်တောင်တွေကိုအောက်သို့နှိမ့်ချလိုက်သည့်အခါ သူ့(ချီပေါ်ယန်)မျက်ဝန်းအိမ်များထဲတွင် လူတစ်ယောက်ပုံထင်ဟပ်နေပြီး သူကအရမ်းကြင်နာတက်တာပဲလို့ လူတွေကယုံကြည်မိလောက်သည်။

Give upWhere stories live. Discover now