သက်ဆုံးတိုင်ထိသာ (အပိုင်း_၁)

1K 42 14
                                    

တရုတ်ပြည်ပေကျင်းမြို့ရဲ့လမ်းမပေါ်မှာကျောင်းဝတ်စုံလေးဝတ်ပြီးစက်ဘီးစီးကာသွားနေတဲ့ကျောင်းသားလေး။အသာဖွေးဖွေးအရပ်ရှည်ရှည်ချောမောနေတဲ့မျက်နှာကအချေမျက်နှာပုံပေါက်နေသည်။ကျောင်းသားလေးဟာ စားသောက်ဆိုင်တစ်ရှေ့ရပ်လိုက်တယ်။စားသောက်ဆိုင်နာမည်က 'romantic'တဲ့။စက်ဘီးထိုင်ခုံအနောက်မှာဂျပ်ပုံးတွေကို ကျောင်းသားလေးက သယ်လာတယ်။ဆိုင်လေးအသွင်ပြင်ကအပန်းရောင်ခြယ်ထားသည်။ဆိုင်ရှေ့ဖြတ်လာတဲ့သူမှန်သမျှကိုထိုဆိုင်အပြင်ဆင်ရဲ့အလှပကဆွဲဆောင်လွန်းတာမို့ဝင်သူထွက်သူများတယ်။

တရုတ်ပြည်ပေကျင်းမြို့ရဲ့လမ်းမပေါ်မှာကျောင်းဝတ်စုံလေးဝတ်ပြီးစက်ဘီးစီးကာသွားနေတဲ့ကျောင်းသားလေး။အသာဖွေးဖွေးအရပ်ရှည်ရှည်ချောမောနေတဲ့မျက်နှာကအချေမျက်နှာပုံပေါက်နေသည်။ကျောင်းသားလေးဟာ စားသောက်ဆိုင်တစ်ရှေ့ရပ်လိုက်တယ်။စားသောက်ဆိုင်နာမည်က 'romantic'တဲ့။စက်ဘ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ကျောင်းသားလေးကဆိုင်ထဲဝင်သွားခဲ့တယ်။ဆိုင်ထဲဝင်လိုက်တော့ ဆိုင်မှာထိုင်စားသောက်နေတဲ့မိန်းကလေးတွေကိုဖမ်းစားလွန်းတယ်။ကျောင်းသားလေးကတော့ဂရုမစိုက်။ဂျပ်ပုံးလေးကိုဆိုင်ပိုင်ရှင်အဘိုးရှောင်းလု ပေးလိုက်သည်။

"ဘိုးဘိုး ဒီမှာပါဗျ"

ရှောင်းလုက ခပ်ချေချေမျက်နှာနဲ့ကျောင်းသားလေးကိုတစ်ချက်ကြည့်လိုက်ပြီးပြောသည်။

"ဒီမှာစောင့် လူကလေးဝမ်ရိပေါ် ဘိုးဘိုး ပိုက်ဆံသွားယူအုံးမယ်"

ခေါင်းတစ်ချက်ညိမ့်ပြလိုက်တော့ ဆိုင်ပိုင်ရှင်ဖြစ်တဲ့ဘိုးဘိုးရှောင်းလုက ဟင်းချက်ခန်းရဲ့အနောက်ဘက်ကပိတ်ထားသောတံခါးပေါက်ကိုဖွင့်ကာဝင်သွားသည်။မကြာပါ ချက်ချင်းရောက်လာတယ်။ယွမ်အနည်းငယ်မျှသာရှိတဲ့ပိုက်ဆံကို ယူလိုက်သည်။အရိုသေပြုကာထွက်သွားတော့သည်။စက်ဘီးစီးပြီးကျောင်းရှိရာသို့သွားသည်။ဟုတ်တယ် ကျောင်းသားလေးနာမည်ကဝမ်ရိပေါ် အသာလည်းဖွေးတယ်အရပ်လည်းရှည်တယ်ခန့်ညာချောမောတဲ့မျက်နှာကိုပိုင်ဆိုင်ထားပေမယ့်ခပ်ချေချေပါပဲ။မိသားစုဆိုလို့ ဖခင်နဲ့အစ်ကိုသာရှိသည်။မားကတော့ ဆုံးသွားတာတစ်နှစ်ရှိပြီ။ပါးက​ကားတိုက်မှုဖြစ်သွားတယ်။ကံကောင်းသွားတာကအသက်ဆုံးရှုံးမှုမရှိပဲ ခြေထောက်မကောင်းတော့ ဝှီးချဲလ်နဲ့သာ ပါးကဝမ်ရိပေါ်တို့ညီအစ်ကိုနှစ်ယောက်ဘေးမှာဆက်လက်ရှိနေပေးတယ်။ဝမ်ရိပေါ်ရဲ့အစ်ကိုတော့ဝမ်ချန်ရိ ပုလဲဒီဇိုင်းကုမ္မဏီမှာအလုပ်လုပ်နေသည်။ကျောင်းရောက်တော့ စက်ဘီးပေါ်ကဆင်းကာ အတန်းထဲသွားသည်။ပြတင်းပေါက်ဘေးမှာထိုင်လိုက်တယ်။ဒါကဝမ်ရိပေါ်နေရာ။စာထိုင်လုပ်နေသည်။ဝမ်ရိပေါ်ကစာကြိုးစားသလိုကျောင်းမှာလည်းစာအတော်ဆုံးကျောင်းသားကိုမေးရင်တော့အဲ့ဒါကဝမ်ရိပေါ်။အပေါင်းသင်းပြည့်စုံစွာမရှိပေမယ့်သူငယ်ချင်းဆိုလို့တစ်ယောက်ရှိတယ်။ဟန်ကျိုးက ဝမ်ရိပေါ်အခင်ဆုံးသူငယ်ချင်း။ပြောရင်းဆိုရင်းရောက်လာပြီး။

သက်ဆုံးတိုင်ထိသာWhere stories live. Discover now