'' ကြီးမေ ဘာလို့ ဇွန်းနှစ်ဇွန်းတောင်ချထားတာလဲ ''

ထိုသို့မေးသော်လဲ သူ့ရဲ့ထမင်းပန်းကန်ဘေးတွင် ထမင်းစားဇွန်းက တစ်ဇွန်းသာရှိသည်။
သေချာသည် Zanjin တစ်ယောက် ကယောင်ခြောက်ခြားဖြစ်နေပြီး မြင်ချင်ရာမြင်နေခြင်းသာ။

'' Zanjin မင်းရှေ့မှာရှိနေတာ
ဇွန်းတစ်ချောင်းထဲ!!!! ''

'' သား Liuhai သားငယ်လေးကို မအော်ပါနဲ့
ကြီးမေတောင်းဆိုပါတယ် ''

Liuhai က သူ့ဘာသာသူဆက်စားနေပြီး Zanjin ကတော့အခုထိ စားလို့မဝင်သေး
ကြီးမေကကချက်ချင်းပင် ဇွန်းကိုကောက်ယူကာ ပန်းကန်ထဲဟင်းတွေထည့်ပြီး ခွံ့ကျွေးရတော့သည်။

'' ကြီးမေ ခွံ့ကျွေးမယ်နော် သားငယ်လေး ''

ကြီးမေပြောသမျှကို ပြန်မဖြေနိုင် ခေါင်းလေးငြိမ့်ကာသာ ပြန်ဖြေလေသည်။

'' ကြီးမေက သားငယ်လေးကြိုက်တဲ့ ဟင်းတွေကြီးချက်ထားတာ ''

Liuhai က ထမင်းကိုမြန်မြန်ဆန်ဆန်စားကာ ထသွားလေသည်။ Liuhai ထသွားသည်ထိ Zanjin မှ ထမင်းနှစ်ဇွန်းလောက်သာ စားရသေးသည်။

'' စားလို့ကောင်းလား သားငယ်လေး ''

ကြီးမေရဲ့အမေးကို ခေါင်းလေးခါကာ ပြန်ဖြေပြန်သည်။

'' သားငယ်လေးဘာစားချင်လဲပြော ကြီးမေချက်ပေးမယ်လေ ပြောဘာစားချင်လဲ ''

ကြီးမေရဲ့စကားမှန်သမျှကို ခေါင်းလေးခါရုံကလွဲပြီး ဘာမှပြန်မဖြေချေ။

'' ခေါင်းကိုက်နေလား အမြင်တွေဘာတွေရော ဝါးနေလား ''

'' ကြီးမေ....Zanjin အိပ်ချင်တယ် ''

'' ဒီထမင်းလေးတော့ ကုန်အောင်စားလိုက်ပါဦးလားကွယ် ''

Liuhai မီးဖိုချောင်စီပြန်ဝင်လာပြီး ရေယူ​နေရင်း Zanjin ကိုကြည့်ကာ စိတ်ပြတ်နေသည်။နောက်တော့ ဒေါသထွက်ကာ ထမင်းစားစားပွဲကို လက်ဝါးဖြင့်ထုရိုက်လိုက်သည်။

ဒုန်း!!!

'' zhuzanjin!!!
မင်းငါ့ကိုအရွဲ့တိုက်နေတာလား မင်းအမေရှေ့မှာ ငါကမင်းကို မကျွေးမမွေးဘူးလို့ထင်စေချင်နေတာလား ?
မင်းကိုငါ အငက်ထားနေတာလဲမဟုတ်ဘူး ဒီထမင်းတောင်ကုန်အောင်မစားနိုင်ဘူးလား ''

ကြမ္မာဖန်သော''အိမ်ထောင်ရေး''(Zhuliuhai fan fiction)Where stories live. Discover now