မင်းမြတ်ကော မင်းခကပါ နှုတ်ဆိတ်သွား၍ မှိုင်း ဟက်ခနဲ ရယ်လိုက်ပြီး

"တကယ်ကြီး သူ့ကြောင့်ပဲ။အန်ကယ်လေးတို့ မပြောရင် ကျွန်တော် ရအောင်စုံစမ်းမယ်"

မှိုင်း ထရပ်ကာ အပြင်သွားဖို့ ပြင်လိုက်တော့

"နောက်တစ်ပတ် မဟုတ်ဘူး သဘက်ခါပဲ မင်းသွားရမယ်"

မင်းခ စကားကြောင့် မှိုင်း ဒေါသထွက်သလို အံ့ဩမိသည်။ကိုယ်က သူ့ကို ချစ်လွန်းလို့ အနားမှာ တွယ်ကပ်နေတာကို ငြိုငြင်လာပြီပေါ့လေ။

"အဲ့မိန်းမနဲ့ ဘာတွေလဲ"

"ငယ် မင်းကိုယ့်ကို နားလည်ပေးမှ ရမယ်"

"ဘာတွေလဲလို့!"

နှစ်ယောက်သား အခြေအတင်ဖြစ်လာသည့် အခြေအနေကြောင့် မင်းမြတ် ဝင်ထိန်းပေးဖို့ပြင်တော့

"ပြောလေ ဦးမင်းခ ပြောတဲ့ ဘယ်လို စကားမျိုးမဆို ကျွန်တော် ယုံတယ်။အမှန်မဟုတ်ရင်တောင် ယုံတယ်။ခင်ဗျားပြောသမျှကို မျက်စိမှိတ်ပြီးယုံပေးမှာ"

မင်းမြတ် သက်ပြင်းခပ်လေးလေးချမိသလို မင်းခကလည်း မှိုင်းအနားသွားကာ မှိုင်းကို ဆွဲဖက်လိုက်သည်။

"ငယ် ကလေးဆန်နေလို့ မဖြစ်ဘူးလေ။ကိုယ်လုပ်သမျှက ငယ့်အတွက် ချည်းပဲ။ခဏလေးပါပဲ အချိန်တစ်ခုအထိပဲ။ကိုယ်က ပြန်လာခေါ်မှာမလို့ အဲ့ဒီအချိန်လေးပဲ စောင့်နေပေးပါ"

"ဟင့်အင်း မသွားဘူးလို့ ဘာပြသနာ ရှိနေလို့လဲ ကျွန်တော့်ကိုပြော။ကျွန်တော်က အပြင်လူလား။အဲ့လိုကြီး ပ ထုတ်တာ မကြိုက်ဘူး"

မင်းခ ခါးကိုဖက်ကာ မင်းခ ရင်ဘတ်ပေါ် မျက်နှာ အပ်ရင်း ဆိုလာသော မှိုင်းကြောင့် မင်းခ မင်းမြတ်ကို မျက်နှာရိပ် မျက်နှာကဲ ပြလိုက်တော့ မင်းမြတ်က ထွက်သွားသည်။

မင်းခ မှိုင်းကို ပွေ့ကာ sofaခုံပေါ် ချပေးလိုက်ပြီး မင်းခက မှိုင်း ဘေးဝင်ထိုင်လိုက်တော့ မှိုင်းက မင်းခ ရင်ခွင်ထဲ မျက်နှာအပ်ကာ ကွယ်ထား၏။

"ကိုယ့်မိဘတွေရှိတဲ့ Bangkok မှာ ကျောင်းဆက်တက်မလား"

မှိုင်း မင်းခ ရင်ဘတ်ကို ခိုးနမ်းနေရာမှ ခေါင်းခါပြလိုက်ပြီး

မှိုင်း(Complete)Where stories live. Discover now