ep-01

2K 118 61
                                    


Notice
______

• စိတ်ကူးယဉ်ဖန်တီးထားသော ဝတ္ထုတိုတစ်ပုဒ်ဖြစ်သည့်အတွက် Idol sensitive ဖြစ်သူများ လက်မခံနိုင်လျှင် မဖတ်ကြဖို့ တောင်းဆိုပါရစေ ။

အရည်အချင်းမပြည့်ဝသေးတဲ့သူတစ်ယောက်မို့ လိုအပ်ချက်များအတွက် အနူးအညွတ်တောင်းပန်ပါတယ်ရှင် ။

Zawgyi //

မြို့စွန်ရပ်ကွက်ကတိုက်အိမ်ကြီးရဲ့အပေါ်ထပ်မှာမို့ လေကတဖြူးဖြူးတိုက်ခတ်နေတယ် ။

ညဥ့်နက်ချိန်မို့ ခွေးတွေကလည်း အူနေကြပြန်တယ် ။

" အု ဝူးးးးး ...... "

ဆွဲဆွဲငင်ငင်အူလိုက်တာမို့ ကြက်သီးဖြန်းခနဲထသွားပေမယ့် ထိတ်လန့်ကြောက်ရွံ့ခြင်းမရှိဘဲ ပြတင်းပေါက်မှာသာ ရပ်မြဲတိုင်း သူ'ရပ်နေမိခဲ့တယ် ။

" ထယ် "

အေးစက်စက်ခေါ်သံကြောင့် လှည်မကြည့်မိပါဘဲ ထယ်ယောင်းပြုံးလိုက်မိသည် ။

" ဂျွန် ။ ဟိုနားက သစ်ပင်ကြီး မလှလွန်းဘူးလား မင်းကြည့်လိုက်စမ်း "

လရောင်အောက်မှာဖြာကျနေတဲ့သစ်ပင်ကြီးကို လက်ညှိုးထိုးပြကာပြောတော့ ဂျွန်ကလိုက်ကြည့်တယ် ။

" မအိပ်သေးဘူးလား ထယ် "

ဂျွန့်လက်ကလေးက သူ့ပခုံးပေါ်တင်ကာ မေးလာတာကြောင့် ဂျွန့်လက်ကိုအုပ်မိုးကာ သူပြန်ကိုင်လိုက်သည် ။

" အို .. မင်းရဲ့လက်တွေအေးစက်နေပါလား ဂျွန် "

ဂျွန့်ရဲ့လက်တွေဟာ သိသိသာသာအေးစက်နေတာကြောင့် သူအရမ်းစိတ်ပူသွားခဲ့ရတယ် ။

" မင်း နေကောင်းရဲ့လား ဂျွန်ရယ် "

နဖူးကိုစမ်းလိုက်ရင်းမေးတော့ ဂျွန်ကပြုံးတယ် ။ ဂျွန်ကပြုံးလိုက်တိုင်း အမြဲခပ်နွမ်းနွမ်းလေးပါပဲ ။

" ငါ ကော်ဖီပူပူလေးဖျော်လာခဲ့မယ် ဂျွန် "

ဂျွန့်ရဲ့တစ်ကိုယ်လုံးအေးစက်နေတာကြောင့် နွေးထွေးသွားစေရန်ရည်ရွယ်ပြီး အောက်ထပ်ကို သူဆင်းလာခဲ့သည် ။ အလင်းရောင်မကြိုက်တဲ့ဂျွန်က တစ်အိမ်လုံးက မီးသီးတွေမှန်သမျှကိုလည်း ရိုက်ခွဲထားလေရဲ့ ။

STAY {  COMPLETED }Where stories live. Discover now