'' Zanjin ကြောင့် ကြီးမေ အလုပ်ရှုပ်မခံပါနဲ့ Zanjin ခြံထဲမှာ ပန်းပင်ရေသွားလောင်းလိုက်ဦးမယ် ''

'' မနက်စာလေးစားပြီးမှ.... ''

'' ဟင့်အင်းရပါတယ် မစားတော့ဘူး အိမ်မှာချက်ထားတာတွေကို အလုပ်သမားတန်းလျားကလူတွေကို ဝေလိုက်ပါ ''

ကြီးမေက Liuhai ရဲ့ အိမ်တော်ထိန်းဖြစ်ပြီး အိမ်အလုပ်ကိစ္စမှန်သမျှကို သူကိုယ်တိုင်စီမံသည်။ ပြီးတော့ Zanjin လေးနဲ့ Liuhai ကိုလဲ သူ့သားအရင်းတွေလို ချစ်သည်။
Zanjinက လုဟိုင်နဲ့လက်ထပ်ပြီးကထဲက ထမင်းလဲစားမဝင် အမြဲတမ်း ငိုင်တိုင်တိုင်ဖြစ်နေသည်ကို ကြီးမေကြည့်မနေနိုင် အခုဆိုရင် Zanjin ခန္ဓာကိုယ်လေးက တော်တော်တောင် ပိန်နေလေပြီ

' သားလေးကို ထအင်းအချိန်မှန်မှန်စားအောင် ဘယ်လိုများလုပ်ရပါ့မလဲ သားLiuhaiကလဲ သားလေးကိုဂရုမစိုက်ဘူး ဒီကလေးတွေကို ကြီးမေဘယ်လိုများ နားချရပါ့မလဲကွယ်.... '

ကြီးမေတစ်ယောက် အိမ်အလုပ်တွေပြီးပြီးချင်း သစ်သီးများကိုရေဆေးကာ ပန်းကန်ထဲ ထည့်ကာ ပြင်ဆင်ပြီး ခြံထဲက Zanjin ထိုင်နေသည့်စားပွဲဝိုင်းလေးအနားသွားကာ သစ်သီးပန်းကန်ကို Zanjin အနားချလိုက်သည်။

'' သားလေး
ဒီမှာ ကြီးမေ သားလေးကြိုက်တဲ့စပျစ်သီးနဲ့ လိမ္မော်သီး ရေးဆေးလာတယ် နည်းနည်းလောက် စားလိုက်ပါလား ''

'' ကြီးမေ ပြန်ယူသွားပါ Zanjin
မစားချင်ဘူး ''

'' သားလေးရယ် ဒီတိုင်းသာစက်လုပ်နေရင် သားလေးလဲကျသွားလိမ့်မယ် အားမရှိပဲနေလိမ့်မယ် နည်းနည်းလောက်စားလိုက်ပါလားကွယ် ''

Zanjin မျက်ဝန်းလေးက မျက်ရည်ကလေးများ စို့လာတော့သည်။ ကြီးမေကိုဖတ်ကာ ငိုတော့သည်။

'' Zanjin ဘယ်လိုလုပ်ပြီး စားလို့ဝင်မှာလဲ ကြီးမေ ကိုကိုက Zanjin ကိုမုန်းနေတယ် ကိုကိုမုန်းနေရင် Zanjin အသက်တောင်မရှုနိုင်ဘူး ကြီးမေ!!! ''
'' ကြီးမေ... Zanjinကို မကူညီပေးနိုင်ဘူးလားဟင် ''

'' အို သားငယ်လေးရယ်
ကြီးမေမနက်ဖြန် သားလုဟိုင်ကို နားဝင်အောင်ပြောပေးပါ့မယ် အစာလေးဝင်အောင်နည်းနည်းလောက် စားလိုက်ပါလားကွယ် သားလေးထမင်းမစားတာ ဘယ်နှရက်တောင်ရှိနေပြီလဲ? ''

ကြမ္မာဖန်သော''အိမ်ထောင်ရေး''(Zhuliuhai fan fiction)Where stories live. Discover now