"တော်တော်အိပ်ပုတ်ကြီးတာပဲ..ညီထက်!!!"
အသံကိုမြှင့်ကာ အော်လိုက်တော့မှ လန့်ဖျန့်ပြီး နိုးလာ တော့သည်..။
"ဟာ...ကိုမှူး.."
ညီထက်က ကျွန်တော့်ကို အံ့သြတကြီးနှင့် ကြည့်ကာ-
"ကိုမှူး တကယ်ပြန်လာတယ်နော်.."
"အင်း..မင်းပဲ ပြန်လာပေးပါဆို.."
ကျွန်တော်လက်ဆွဲအိတ်ကို ဆိုဖာပေါ်တင်လိုက်ပြီး မီးဖိုခန်းထဲ ဝင်သွားကာ-
"အင်း...မူးရူးနေတဲ့ ငါ့ညီကို အမူးပြေစွတ်ပြုတ်လေး လုပ်ပေးရမှာပေါ့.."
အနောက်ကနေ တကောက်ကောက်ပါလာသော ညီထက် က ကျွန်တော့်စကားကြားတော့-
"အမူးပြေစွတ်ပြုတ်?? ဘာစွပ်ပြုတ်လဲ.."
"ခေါက်ဆွဲပြုတ်.."
"အဲဒါစွပ်ပြုတ်မဟုတ်ဘူးလေ.."
"ငါလည်း အပြုတ်ဆိုလို့ အဲဒါပဲ လုပ်တတ်တာ..မရှည် နဲ့ သောက်မှာလား မသောက်ဘူးလား.."
"အင်း သောက်မယ်.."
"ပြီးရော..အခုတော့ ရေသွားချိုးတော့..ချဉ်စော်နံ နေတယ်.."
ကျွန်တော်ပြောလိုက်တော့ သူ့အင်္ကျီသူ ပြန်ငုံ့နမ်းကြည့် ကာ-
"ဟီးဟီး..၃ရက်လောက်ပါပဲ.."
"အော်ကလီဆန်တယ်..သွားတော့.."
"ဟုတ်.."
ညီထက်က ကျွန်တော့်ရှေ့မှ ထွက်သွားပြီး ရေချိုးခန်းထဲ ဝင်မည်အလုပ်-
"နေဉီး..မေးစေ့က အမွေးတွေပါ အပြောင်ရှင်းနော်.."
"ဟုတ်..."
သူ့ဟုတ်ဆိုသည့်အသံက တစ်အိမ်လုံး ဟိန်းထွက်သွား သည်..။ ကျွန်တော်လည်း ခပ်ဖွဖွရယ်ကာ အမူးသမား လေး အမူးပြေဖို့အတွက် ခေါက်ဆွဲပြုတ်ကို စားဖိုမှူး လက်ရာအတိုင်း ပြုတ်တော့သည်..။ တခြားမထင်လိုက် ပါနဲ့..၊ စာဖိုမှူးပုံစံအတိုင်း ခေါက်ဆွဲခြောက်ကို ရေနွေး ထဲ ထည့်ပြီး အမှုန့်ဖြူးရုံပါပဲ..။
>>>>>>>>
"ဝါး..မွှေးနေတာပဲ.."
အခန်းထဲမှ လူမထွက်ခင် အသံက အရင်ထွက်လာပြီး ညီထက်တစ်ယောက် အူမြူးနေသည်..။
YOU ARE READING
လိုသုံး (Season-1) [Completed]
Romance~~Hmuu Thar Khant's Diary~~ ကျွန်တော်က သူ့အတွက် အရေးပါတဲ့သူတစ်ယောက် ပါ..၊ မဟုတ်ဘူး..အရေးပါတာထက် အသုံးလိုတဲ့သူ တစ်ယောက်ပါ 💔💔 #This fiction is written with both unicode and zawgyi. ~~Hmuu Thar Khant's Diary~~ ကျွန်တော်က သူ့အတွက် အရေးပါတဲ့သူတစ်ယောက်...
Episode 20 (Zawgyi)
Start from the beginning