နောက်ဆုံးတော့ အကြောင်းတစ်ခုခုကြောင့် သူတို့ ပြော​နေကြသည့် စကား​ခေါင်းစဥ်သည် မုချိုး ငယ်ငယ်တုန်းက သူ့မှာ ခွေးလေးတစ်​ကောင် ရှိခဲ့ကြောင်း
နှင့် သူ့​ခွေး​လေးပျောက်သွားသည့် အကြောင်းအရာကို ရောက်သွား​လေသည်။

ကျုံးလီဖုန်းပိုင်သည် ထိုအချိန်က မိန်း​မောမူးဝေနေဆဲဖြစ်သည်မို့ သူပြောနေသည့်အ​ကြောင်းအရာ
အပြည့်အစုံကို ရှင်းရှင်းလင်းလင်းမကြားလိုက်ပေ။ သူနိုးလာတဲ့အခါ မုချိုးမှာ ခွေးတစ်ကောင်ပိုင်ဆိုင်ဖူးတယ်ဆိုတဲ့အကြောင်းနှင့် ပျောက်သွားတယ် ဆိုသည်ကိုသာ မှတ်မိသည်။

ထိုအပြင် သူ အရမ်းဝမ်းနည်းခဲ့တယ်ဆိုတာကိုလည်း မှတ်မိသေးသည်။ ထို့ကြောင့် ဒါရိုက်တာကျုံးသည် ရုတ်တရက်ကြီး ခွေးတစ်ကောင်ကို ဝယ်​ပေးကာ သူ့ရဲ့စိတ်ထဲမှဆုံးရှုံးသွားတဲ့ ခံစားချက်​တွေကို ပြုပြင်ပေးနိုင်ဖို့ရာ စိတ်ကူးရခဲ့သည်။

ခွေးဝယ်မယ်ဆိုတဲ့ဆင်ခြေနဲ့ပတ်သက်လို့ သူ စဉ်းစားထားပြီးသားပါ။ သူက လမ်းဘေး/ပန်းခြံ/ရိုက်ကူးရေးနေရာက​နေ ခွေးကိုကောက်ရတယ်ပေါ့.....ဘာဘဲဖြစ်ဖြစ် ဒီဇာတ်လမ်းကြားရတော့ သူ့အတွက်စိတ်မကောင်းဖြစ်မိခဲ့သည်။ ဒါကြောင့် သူ ဝယ်ပေးဖို့ ဆိုင်ကို သွားခဲ့သည်။

ငါက လူတစ်ယောက်ကို လက်​ဆောင်ဝယ်​ပေးတယ် ဆိုတာမျိူးကို လုံးဝ လက်မခံနိုင်ဘူး!

ဒါရိုက်တာကျုံးက အရမ်းကို အေးစက်စက်ဖြင့် Tsudere တစ်​ယောက်ပဲ!

အဲဒါဘာကြောင့်လဲ!

စာ​ပေသမားတစ်​ယောက်ရဲ့ ဖြစ်တည်မှု​တွေက!

တကယ်!

လူတွေရဲ့ခံစားချက်​တွေကို!

အရမ်းကို စိုးရိမ်ပေးတတ်ကြတယ်!

ကျုံးလီဖုန်းပိုင်သည် မုချိုးကို အလုပ်သွားရန်
နှင်လွှတ်ပြီးနောက် သူ ချိုးကျီယန်ကို မည်သည့်အိမ်မွေးတိရစ္ဆာန်အရောင်းဆိုင်က အကောင်းဆုံးဖြစ်မလဲဟုမေးခဲ့သည်။

"မြို့ရဲ့ အ​နောက်ဘက်ဧရိယာမှာ တော်တော်အဆင်​ပြေတဲ့နေရာတစ်ခုရှိတယ်။ ဒါပေမယ့် အဲ့ဒီနေရာက နည်းနည်းလေး​တော့ချောင်ကျပြီး တိတ်ဆိတ်လွန်းတယ်။ အနောက်ဘက်အိမ်ယာထဲမှာ ရှိပေမယ့် ရှာရတာတော့ နည်းနည်းခက်မယ်"

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now