[Warning: Trauma, dead include alert]
မနက်ခင်းတစ်ခုက သာမန်လိုပဲ တိတ်ဆိတ်နေတယ်။ နေရဲ့တောက်ပမှုက ပူလောင်ခြင်းမျိုးလည်းမရှိဘဲ ကျေးငှက်တို့ရဲ့စကားပြောသံတို့နှင့်အတူ ရွှင်မြူးခြင်းတို့ကို သက်ရှိတွေနှင့်သက်မဲ့တို့အား ပြသနေသည်။
လူတွေက လမ်းမထက်မှာ လှုပ်ရှားသွားလာနေကြတယ်။ အိမ်ဘေးက ခွေးဖြူလေးကတော့အိပ်နေဆဲပါပဲ။
ကလေးငယ်လေးတွေက မနက်အစောကြီးနိုးတတ်ကြတဲ့ထုံးစံအတိုင်း ခေါင်းရင်းအိမ်က လသားကလေးလေးဟာ သူ့မိခင်နဲ့အတူ တခစ်ခစ်ရယ်မောနေသည်မှာ ဆည်းလည်းသံလေးအလား။
ဒီနေ့ရဲ့မနက်ခင်းမှာ အရာအားလုံးပုံမှန်အတိုင်းပါပဲ။ ဒါကြောင့်လေ..
ဒါကြောင့် ဒီနေ့ကိုရော ပုံမှန်အတိုင်းဖြတ်သန်းရရင်ကောင်းမှာပဲလို့ ဆုတောင်းမိတယ်။
အဖွားနဲ့အတူနေတဲ့ အထက်တန်းကျောင်းသားကျွန်တော်အတွက် မိုးလင်းတာနဲ့ အဖွားလုပ်ပေးတဲ့ထမင်းဘူးဆွဲပြီး ကျောင်းသွားရတဲ့တာဝန်ဟာ လက်ရှိကျွန်တော်လုပ်နိုင်တဲ့ တစ်ခုတည်းသောတာဝန်ပါပဲ။
"ဖြစ်နိုင်ရင် မြန်မြန်အသက်ကြီးပြီး အဖွားကိုသက်တောင့်သက်သာထားချင်တယ်"
"စောင့်ကြည့်ပါဦးမယ်.. အသက်ကြီးတာနဲ့ အဖွားကိုစောင့်ရှောက်မလား မိန်းမအရင်ယူမလားဆိုတာ"
"အဖွားကလည်းပြောရက်လိုက်တာ"
ဒါပေမယ့် ကျွန်တော်က ယောင်္ကျားလေးတစ်ယောက်နဲ့တွဲနေတာလေ..
လုံးဝကို ပြောမထွက်နိုင်ခဲ့။
အဖွားကိုဖက်ကာ ရင်ခွင်ထဲတိုးဝှေ့ပြီး ထမင်းဘူးဆွဲတာ ကျောင်းသွားဖို့ထွက်လာခဲ့လိုက်တယ်။
"အပြန်ကျ မုန့်ဝယ်ခဲ့မယ်"
သေချာတယ်.. အဖွား အဲ့ဒီစကားကိုပြန်ပြောလိမ့်မယ်ဆိုတာ။
"ရတဲ့မုန့်ဖိုးလေးကို မုန့်ကဝယ်လာဦးမလို့လား။ မဝယ်လာခဲ့နဲ့ အပိုအလုပ်တွေ"
အဖွားက အမြဲမဝယ်လာဖို့ပြောသလို ကျွန်တော်ကလည်း အမြဲဝယ်လာခဲ့တာပါပဲ။ ပြောရရင် အရမ်းစကားနားထောင်တာပေါ့..
YOU ARE READING
The Sound Of Crying (One Shot)
Teen Fictionမငိုနိုင်တော့တဲ့ကလေးတစ်ယောက်က ခံစားချက်တွေကို သံလှောင်အိမ်တစ်ခုထဲ ပြည့်သိပ်သော့ခတ်ထားခဲ့တယ်။ သူပြောတဲ့စကားက "ငိုသံတွေကို ကြောက်တယ်"တဲ့လေ။
