ဒါပေမယ့် ဒါရိုက်တာကြီးက ကျွန်တော်ကို မကျွေးဘူးလေ! ဆုနိုသည် သူ့နဖူးကိုနမ်းလိုက်ပြီး အတွင်းခံဘောင်းဘီကို မဆိုင်းမတွပဲ ဆက်ဝတ်လိုက်သည်။

သူ့ရဲ့ ဂန္ဓမာပန်း​လေးက အနည်းငယ်နာကျင်နေသော်လည်း သူ့အမြင်အရ ဒီမှာ အိပ်ရတာထက် အိမ်ပြန်ရသည်က ပိုကောင်းသည်။
ပထမအချက်အ​နေနဲ့ အိမ်ပြန်ပြီး အစားအသောက်တွေကို အကြိုက်တွယ်လို့ရတယ်။ ဒုတိယအချက်က ဒါရိုက်တာကြီးရဲ့ရှေ့မှာ ငါ့ရဲ့ပုံရိပ်ကို ကာကွယ်နိုင်လိမ့်မယ်!ငါ့အတွက်တောင် ငွေမဖြုန်းတီးချင်ဘူးလားလို့ သူ့ကိုခံစားစေရလိမ့်မယ်!

"မင်းအစ်ကိုကြီးက ဘာတွေများ​ပြောပြန်တာလဲ?" အိုးရန်လုံ ခေါင်းကိုက်လာရသည်။

"ကျွန်တော် တူမလေးက အအေးမိနေတယ်။ ​​ဒါကြောင့် သူမကို အိပ်ယာဝင်ပုံပြင်တစ်ပုဒ်ပြောပြရမယ်" ဆုနိုသည် သူ့တာဝန်ကိုအရှက်မဲ့စွာ ရှောင်ရှားလိုက်သည်။

ဟန်​ရှောင်းရှီသည် အိပ်ပျော်နေပြီဖြစ်၍ သူမ၏နှာခေါင်းဆီသို့ ရုတ်တရက်ပိုးကောင်တစ်ကောင်ပျံလာသကဲ့သို့ ခံစားလိုက်ရသည်။

"ဟတ်ချိုး!"

"ကိုယ်မင်းကို အိမ်ထဲမှာသော့ခတ်ထားပြီး တခြားဘယ်သူ့ကိုမှ မပြချင်ဘူး" အိုးရန်လုံသည် တကယ်ကို ကူကယ်ရာမဲ့သလို ခံစားခဲ့ရသော်လည်း ဆုနိုကို ကြယ်သီး ကူတပ်​ပေးဖို့ရာ အိပ်ယာ​ပေါ်ကနေ ထလိုက်သည်။

"ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က အိမ်ပြန်ရတော့မှာပဲလေ။ အဲ့ခါကျရင် ကျွန်တော်တို့ အတူတူ နေလို့ရပြီ" ဆုနိုသည် အိုးရန်လုံကို နှစ်သိမ့်ပေးလိုက်သည်။  ထို့ကြောင့် ဒီတစ်ရက်/နှစ်ရက်သည် စောင့်ရကျိုးနပ်ပါသည်။

"သေချာလား?" အိုးရန်လုံ သူ့နှာ​ခေါင်း​လေးကို ညစ်လိုက်သည်။ " မင်းအစ်ကိုကြီးက ကိုယ့်ကို ပြန်​ရောက်ရင် ပါပါရာဇီတွေဆီက​နေ မမိရ​အောင် မင်းဆီကို ခဏခဏ လာမ​တွေ့ရဘူးလို့ ပြောထားတယ်" ဟန်ဝေမှာ အခြားကိစ္စရှိသေးတယ်ဆိုတာကို အိုးရန်လုံ သိပေမယ့်လည်း အဲဒီ့အကြံတွေက အကျိုးအ​ကြောင်းမသင့်​တာလည်း မဟုတ်​ပေ။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now