"အင်း..." သူ့အစ်ကိုပြောသောစကားကိုကြားလိုက်ရ​တော့ သူ့နှာခေါင်းထဲ၌ အချဉ်ပေါက်သလို ခံစားလိုက်ရသဖြင့် အစ်ကိုကြီးအားပွေ့ဖက်ရန် သူ့လက်ကိုဆန့်ထုတ်လိုက်သည်။

အဟမ်း! ဒါက အရမ်းများလွန်းတယ်၊ ရုတ်တရက်ကြီး....ဒီလိုက အရမ်းကောင်းတာပဲ!

"ကောင်းပြီ။ အောက်ထပ်ကိုဆင်းတော့ " ဟန်ဝေသည် ဆုနို၏နောက်ကျောကို ပုတ်လိုက်ပြီး "ပိုပြီးသတိထား၊ ဘယ်သူကမှ မင်းကိုအနိုင်မကျင့်စေနဲ့"

"ကျွန်တော်ကို ဘယ်သူကမှ အနိုင်မကျင့်စေရဘူး။ အစ်ကိုကြီးကိုလည်း ဘယ်သူမှအနိုင်ကျင့်စေရဘူး!" ဆု​ရှောင်းနိုသည် စပယ်ရှယ်ညီ​နောင်သားချင်းများ ဖြစ်ကြ​ကြောင်းကို အာမခံ​ပြောဆိုလိုက်သည်။

ဟန်ဝေ ရယ်လိုက်ပြီး ဆုနို၏ပါးလေး​တွေကို ပျော်ရွှင်စွာညစ်လိုက်သည်။

ဆုနိုသည် အောက်ထပ်မှာ ရှိ​နေတဲ့ မစ္စတာဒါရိုက်တာဆီကို သွားမတွေ့ခင် သူ သန့်စင်ခန်းထဲ၌ ငါးမိနစ်ခန့် ဂရုတစိုက်ဖြင့် သေချာစွာ စဉ်းစားခဲ့သည်။ အဆုံး၌ သူ  အ​တွေး​တွေကို အဆုံးသတ်ခဲ့ပြီး သူ့အစ်ကိုကြီးသည် ဆုနိုအတွက် တကယ်အရေးပါသောသူဖြစ်သောကြောင့် သူ့အစ်ကိုကြီး၏အထောက်အထားအစစ်အမှန်ကို သူ့ကို မပြောဖို့ ဆုံးဖြတ်ခဲ့သည်။

ငါက မစ္စတာဒါရိုက်တာကိုအရမ်းသဘောကျပေမယ့်လည်း ဒါတွေအတွက် အချိန်ယူရမယ်!

ထိုသို့ဆုံးဖြတ်ပြီးသောအခါ ဆု​ရှောင်းနိုသည် လှေကားပေါ်မှ ဆင်းလာခဲ့သည်။ သူ့နှလုံးသားထဲတွင် ဆုနိုသည် ရှေ့တစ်လှမ်းကြိုမြင်ပြီး ကောင်းစွာပြင်ဆင်ထားသူတစ်ဦးဖြစ်သည့်အတွက် သူ့ကိုယ်သူ ချီးကျူးရုံသာတတ်နိုင်တော့သည်။

ထို့နောက် ဆုနို လှေကားဘေးတွင် မတ်တပ်ရပ်နေစဉ် ဟန်ဝေ၏ရှုပ်ထွေးနေသည့်အမူအယာကို တွေ့လိုက်ရသည်။

"ဘာဖြစ်လို့လဲ?" ဆုနို သူ့ဆီသို့လျှောက်ပြီး ဧည့်ခန်းမကိုကြည့်ဖို့ရာ သူ့အစ်ကိုကြီးရဲ့အကြည့်နောက်ကို လိုက်ကြည့်မိသည်။

"သမီးက စတော်ဘယ်ရီအရသာဒိန်ချဉ်ကို အကြိုက်ဆုံးပဲ!" ဟန်​ရှောင်းရှီသည် ဒါရိုက်တာရဲ့ပေါင်ပေါ်ထိုင်နေရင်း သူမသည် သူ့ကိုယ်သူ ရောင်းချဖို့ အကောင်းဆုံးကြိုးစားနေသည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now