ငါရဲ့ဝိဉာဥ်က မင်းနဲ့အတူတူ

Start from the beginning
                                    

"လူးဝစ် ဒီနေ့တော့ အစ်ကိုနဲ့ မိသားစုလိုပဲ ရင်းရင်းနှီးနှီး နေကြရအောင်လား "

"နားလည်ပါပြီ အစ်ကိုကြီး "

"နားလည်ပါပြီထက် ဟုတ်ကဲ့ဆို ရပြီလေ
လူးဝစ်ရဲ့"

"ဟုတ် အစ်ကို"

လူးဝစ်က ဒီနေ့ကျမှ အဲလ်ဘတ်က အနည်းငယ်ထူးဆန်းနေတယ်လို့ထင်တယ်
ပုံမှန်ဆိုရင်အစ်ကိုကြီးက အစ်ကိုဝီလီယမ်နဲ့
ပါလီမန်တွေအကြောင်းဆွေးနွေးရင် ဆွေးနွေး ဒါမှမဟုတ်ရင် နိုင်ငံအတွက် အကျိုးပြုမယ့်အရာတွေကို ပြောလေ့ရှိကြတယ်

ဒါတင်မကဘူး သပ်ရပ်နေအောင်အမြဲတင်ထားတတ်တဲ့ ဆံပင်ညိုညိုတွေက
နဖူးပြင်ဝင်းမွတ်မွတ်ပေါ်မှာ ကပိုကရိုကျလျက်။

ပြီးတော့ ဘာမှမလိမ်းခြယ်ထားတဲ့ မျက်နှာက သဘာဝတိုင်းခန့်ညားဆဲ။ ရေချိုးပြီးခါစမလို့ တွေ့နေကျ suitအစား bathrobe ကို အပေါ်က ထပ်ထားတယ် ။

အဲလ်ဘတ်ဂျိမ်းစ် မော်ရီအာတီ ကို အမျိုးသမီးတွေက နှင်းဆီသခင်ဟု တင်စားကြတာ လည်းမဆန်းပြားချေ။
ပြီးတော့ တစ်ခါတစ်လေ ဆို အစ်ကိုကြီးက
နားလည်ရခက်သည်ဟုလည်း လူးဝစ်ထင်တယ်။ သိုသိုသိပ်သိပ်နေတတ်တဲ့ အစ်ကိုဝီလီယမ်တောင်မှ လူးဝစ်နားလည်နိုင်သေးသည်။ အစ်ကိုကြီး ကတော့ အနားကပ်မရအောင် ဆူးတံတိုင်းတွေနဲ့အထပ်ထပ်ကာထားသလိုသူခံစားရတယ်

တကယ်ကို နှင်းဆီအရိုင်းတစ်ပွင့်လို။

"ဝီလ် ဒီနေ့နောက်ကျတယ်နော် "

အဲလ်ဘတ် က ဘယ်နှခွက်မြောက်မှန်းမသိတဲ့ ဝိုင်တစ်ခွက်ကို ထပ်ပြီးမော့ပြန်တယ်

"ဟုတ်တယ်နော် ပုံမှန်ဆို အစ်ကိုဝီလီယမ် က
ရောက်နေရမှာကို"

စိတ်ထင်တာပဲမသိ အစ်ကိုကြီးရဲ့ မြစိမ်းရောင်မျက်လုံးတွေက အနည်းငယ်ဝမ်းနည်းသွားသလိုပဲ

"ရော့ လူးဝစ် "

ပြောရင်းဆိုရင်းနဲ့အဲလ်ဘတ်က လူးဝစ်ဘက်ကို သူသောက်လက်စ ဝိုင်ခွက်လေးကမ်းပေးတယ် ကိုယ်တိုင်မမြည်းစမ်းရသေးပေမယ့်
ဒါဟာ သာမန်ဝိုင်တော့မဟုတ်ဘူး ဆိုတာ လူးဝစ် အနံ့ရတာနဲ့သဘောပေါက်လိုက်ပြီ။

ရာဇဝတ်အရှင်Where stories live. Discover now